လုပ်နိုင်မှု (Ability) နှင့် ကျွမ်းကျင်မှု (Skill) တို့၏ခြားနာချက်
ကျွမ်းကျင်မှု (Skill) နှင့် လုပ်နိုင်စွမ်း (Ability)
တို့ကြား ခြားနားချက်
Ability ဆိုတာကတော့ မွေးရာပါ အတတ်ပညာ၊ အခြေပညာရပ်တခုခုတတ်မြှောက်ပီး အလုပ်တခုကို လုပ်တတ်တယ်ဆိုတဲ့သဘောပါပဲ။
မုန့်ဖုတ်သမားတယောက်ဟာ ပေါင်မုန့်ဖုတ်ရာမှာ ဂျုံနှင့် လိုအပ်သည့်ပါဝင်ပစ္စည်းများ ကိုလိုအပ်သလိုချိန်တွယ်ပီး မုန့်ဖုတ်ခြင်းဟာ Ability ဖြစ်ပါတယ်။ မုန့်ကိုလှပပီး အများနဲ့မတူ ထူးခြားတဲ့ မွေးနေ့ကိတ်တစ်ခုဖန်တီးနိုင်ခြင်းဟာ Skill ဖြစ်ပါတယ်။
နောက်ထပ်ဉပမာ တခုကတော့ ရေကူးသမားတယောက်ဟာ အခြေခံရေကူတတ်ခြင်းဟာ Ability ပါပဲ။ သူတတ်ထားတဲ့ အခြေ ခံ ပေါ်မှာ Skill တွေတက်လာအောင် ထပ်တလဲလဲ သုံးသပ်လေ့ကျင့်နေမှသာ ရေကူးချန်ပီယံ တစ်ယောက်ဖြစ်လာမှာပါ။
အဓိကခြားနားချက်ကတော့ အသိပညာ အဆင့် (Level) နှင့် ဘယ်လိုလေ့ကျင့်သလဲဆိုတာတွေပဲဖြစ်ပါတယ်။
ကျွမ်းကျင်မှု၊ လုပ်နိုင်စွမ်းနှင့် ပညာဗဟုသုတတွေကို နားလည်းခြင်းဟာ ဝန်ထမ်းတွေအတွက် သင်တန်းစီစဉ်ခြင်း၊ ဝန်ထမ်းတိုးတက်ရေး အစီအစဉ်တွေဆွဲရာမှာ အခြေခံအကျဆုံး အထောက်အပံ့ဖြစ်ပါတယ်။
တတ်ကျွမ်းပီးသား ကျွမ်းကျင်မှုကော အသစ်အသစ်ကျွမ်းကျင်မှုတွေကို ဖွံ့ဖြိုးတိုးတက်စေခြင်းဟာလည်း စဉ်ဆက်မပြတ်လုပ်ဆောင်နေရမဲ့အရာဖြစ်ပါတယ်။
Comments
Post a Comment