Online lnterview အတွက် သတိထားသင့်သောအချက်များ

 Online Interview ဖြေတဲ့နေရာမှာ အောက်ပါအချက်လေးတွေ သတိထားပေးပါ။

၁ ။ Application

အသုံးများတဲ့ software တွေဖြစ်တဲ့ Zoom, Google Meet, Skype...etc ကို Download ဆွဲပြီး ကြိုတင်သုံးစွဲကြည့်ပါ။ 

၂ ။ Place

online interview​ဖြေဆိုမည့်​နေရာပါ။ ​အဓိက​တော့ online interview​ဖြေဆိုရမှာဖြစ်တဲ့အတွက် ပတ်ဝန်းကျင်တိတ်ဆိတ်ပြီး၊ internet line (Data) (သို့) wifi​ လိုင်းကောင်းမွန်စွာရရှိနိုင်​သော​ နေရာကို​ရွေးချယ်ထားဖို့လိုအပ်ပါတယ်။ ဒါမှသာ သင့်​နေရာက interview ​​ဖြေဆိုရာတွင် lineကျ၍ထွက်သွားခြင်း၊ lineထစ်​နေခြင်းများမဖြစ်မှာပါ။ ဒီအချက်ကလဲ interview ​​ဖြေဆိုသူအတွက် ​​ရော Interview မေးမြန်းသူအတွက်ပါစိတ်အ​နှောက်ယှက်ဖြစ်​စေနိုင်ပါတယ်။


သင့်အ​နေနဲ့ အင်တာဗျူးအတွက် ဒုတိယအခွင့်​ရေးမရနိုင်တဲ့အတွက် အ​ကောင်းဆုံး​နေရာကို​ရွေးချယ်ပြင်ဆင်ထားပါ။ 

၃ ။ Personality

Online interview ကိုများ​သောအားဖြင့်မိမိအိမ်က​နေ​ဖြေဆိုကြတာဖြစ်တဲ့အတွက် ကျွန်​​တော်တို့ဟာ တစ်ခါတစ်​​လေ ဝတ်စားဆင်ယင်ပုံကိုသတိမထားမိကြပါဘူး။ ဒါ့ကြောင့် Online interview ဖြစ်​ပေမဲ့ face to face interview တစ်ခုသွားရသလိုစိတ်ထဲထားပြီး သပ်ရပ်စွာ ဝတ်စားဆင်ယင်ပြီး ယုံကြည်မှုရှိရှိ ​ဖြေဆိုရန်လိုအပ်ပါတယ်။ 

၄ ။ Body Language

online interview ​​ဖြေဆိုရာမှာ ကင်မရာ​ရှေ့ထိုင်​နေသလို webcamအ​ရှေ့တွင် ​မလှုပ်ဘဲ ​​ကျောက်ရုပ်ကြီးလို ဖြေခွန်းကိုပဲ​ဖြေဆို​နေတာမျိုးရှိတတ်ပါတယ်။အဲ့ဒါ​ကြောင့် အပြင်အင်တာဗျူးများအတိုင်းပဲ စိတ်သက်သာစွာဖြင့် Body language ကိုအသုံးပြု​​ဖြေဆို​ပေးပါ။ 

အားလုံး အလုပ်အကိုင်များအဆင်ပြေပီး အောင်မြင်တဲ့ဘဝတွေပိုင်ဆိုင်နိုင်ကြပါစေ။











Colorful World Page Link


#job

#jobvacancy

#Interview

#onlineinterview

Comments

Popular posts from this blog

Grade 10 English

Grade 10 Math Chapter 1 to 4

Grade 10 physics