ကလေးငယ်တို့ ခေတ်မီ‌ဖို့ အင်္ဂလိပ်စာ သင်ကြစို့

 ကလေးငယ်တို့ ခေတ်မီ‌ဖို့ အင်္ဂလိပ်စာ သင်ကြစို့




ကမ္ဘာကြီးက ရွာကြီးသဖွယ်ဖြစ်လာတဲ့အခါမှာ အင်္ဂလိပ်စာ မတတ်ခဲ့ရင် သူများ နောက်ကောက်ကျ ကျန်ရစ်နိုင်ပါတယ်။ ကလေးငယ်တို့ ဒီလိုအဖြစ်မျိုးမကြုံရလေအောင် ကူညီပေးဖို့က မေမေ၊ဖေဖေတို့ရဲ့ မဟာသမိုင်းပေးတာဝန်ကြီးပေါ့နော်။ 


အခုလို မိဘတို့ရဲ့ ကြီးလေးလှတဲ့တာဝန်ကြီးတွေကို မင်မင်တို့က ကလေးငယ်တို့အား English Four Skills (အရေး၊အဖတ်၊အပြောစွမ်းရည်) 

ထိထိရောက်ရောက် သင်ကြားပေးရင်း တဖက်တလှမ်းမှ  ဝိုင်းကူထမ်းပေးပါရစေရှင်...


မင်မင်တို့English Four Skills အတန်းများကို ကြိုးကြိုးစားစားနဲ့အဆုံးထိ တက်ရောက်ခဲ့မယ်ဆိုရင် ယခုလို အကျိုးကျေးဇူးများရရှိစေရမယ်လို့ အာမခံပါသည်ရှင်။


💓 ဝါကျတစ်ကြောင်းကို သေချာရေးဖွဲ့တတ်လာခြင်း

💓အင်္ဂလိပ်လို ရဲရဲဝံ့ဝံ့ပြောဆိုတတ်လာနိုင်ခြင်း

💓 Listening activityများမှတဆင့် အင်္ဂလိပ် နားထောင်မှုစွမ်းရည်များ တိုးတက်လာခြင်း

💓အင်္ဂလိပ်ဝေါဟာရများကို ထိရောက်သောနည်းလမ်းများဖြင့် အလွယ်တကူကျက်မှတ်သားမိဖြစ်ခြင်း

💓၂၁ရာစုရဲ့စွမ်းရည်များဖြစ်တဲ့ 4 Cs

 Cooperation, Communication, Critical thinking, Creativity များ မြှင့်တင်နိုင်လာခြင်း

 💓အတန်းဖော်အချင်းချင်း အုပ်စုလိုက်(Group work)ဆွေးနွေးခြင်း၊ နှစ်ယောက်တစ်တွဲ ဆွေးနွေးခြင်းများမှတဆင့် Teamwork & Presentation skills တိုးတက်စေခြင်း

 💓 အင်္ဂလိပ်လို အရေးအဖတ်ကျွမ်းကျင်လာသဖြင့် အခြားသောဘာသာရပ်များကို လွယ်ကူစွာသင်ယူတတ်မြောက်နိုင်ခြင်း....အစရှိသည့် အကျိုးကျေးဇူးများရရှိနိုင်ပါမည်ရှင်။


💓သင်တန်းကာလမှာ ၂လခွဲ ကြာမြင့်မည်ဖြစ်ပြီး 

Zoom application မှတဆင့် live session အနေဖြင့် ဆရာမနှင့်အတူ တချိန်တည်း သင်ယူရမှာဖြစ်ပါတယ်။ 


💓Level Test ရှိပါသလား...

ဟုတ်ကဲ့ရှိပါတယ်ရှင့်။ သင်တန်းတက်ရောက်ရာတွင် အတန်းများကို ကြုံရာတက်စေမှာမဟုတ်ဘဲ  Level Test ဖြေဆိုပြီးမှသာ ကလေးတို့ရဲ့ဘာသာစကားကျွမ်းကျင်မှုအလိုက် အတန်းများကို တက်ရောက်စေမှာဖြစ်ပါတယ်ရှင့်။ 

Level Test ဖြေဆိုရန် page messenger 

မှတဆင့် ဆက်သွယ်ပေးပါရှင်။

ကလေးအသက် (5/6)မှစ၍တက်ရောက်နိုင်ပါတယ်ရှင်


💓သင်ရိုးညွှန်းတမ်းဖတ်စာအုပ်အနေဖြင့်လည်း ကလေးများအား ထိရောက်စွာ သင်ကြားသင်ယူနိုင်မည့် နိုင်ငံတကာအဆင့်မီ  Everybody Up Seriesကို အသုံးပြုသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။


💓သင်တန်းအချိန်ဇယားများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်ရှင်


Level 1 Four skills

Date Sat -Sun 

Time: 3:30-5:00 p.m


Level 2 Four skills

Date : Sat -Sun 

Time: 6:30-8:00 p.m


Level 3 Four Skills

Date: Wed-Thu-Fri

Time: 8:30-9:30 p.m


🛑အတန်းတစ်တန်းတွင် ထိထိရောက်ရောက် သင်ကြားနိုင်ရန်အတွက် ကျောင်းသားလူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံသည့်အတွက် သင်တန်းအမြန်ဆုံး အပ်နှံပေးဖို့ တိုက်တွန်းလိုပါတယ်။🛑


💓သင်တန်းကြေးဘယ်လောက်ပေးသွင်းရမလဲ။


သင်တန်းကြေးလေးက နှစ်လခွဲမှ( ၆၀,၀၀၀)ကျပ်သာ ကျသင့်မှာဖြစ်ပြီး နှစ်ခါ ခွဲသွင်းနိုင်မှာဖြစ်ပါတယ်။ ပထမဆုံးလမှာ ဖတ်စာအုပ်ကြေး ပေးသွင်းဖို့လိုပါမယ်။ အပြင်မှာ တကူးတကစာအုပ်ရှာဝယ်စရာမလိုပဲ တခါတည်း စာအုပ်ကြေးလေးနဲ့ သင်တန်းကြေးလေးသွင်းပြီးတာနဲ့  အဆင်သင့် လွယ်လွယ်ကူကူသင်ယူရုံပါပဲရှင်။

Payment ကိုလဲ Kpay,wave pay,CB တို့နှင့်လည်း %ပေးစရာမလို‌ပဲ ပေးချေနိုင်ပါတယ်ရှင်။

Comments

Popular posts from this blog

Grade 10 English

Grade 10 Math Chapter 1 to 4

Grade 10 physics