တောင်ကြီးမြို့မှာပြုလုပ်သွားမဲ့ “Ideation Workshop: Exploring Business Innovative Ideas & Food Safety” အလုပ်ရုံဆွေးနွေးပွဲ
တောင်ကြီးမြို့မှာပြုလုပ်သွားမဲ့ “Ideation Workshop: Exploring Business Innovative Ideas & Food Safety” အလုပ်ရုံဆွေးနွေးပွဲ
SBN Myanmar သည် စိုက်ပျိုးရေးစားသောက်ကုန်လုပ်ငန်းများအား ၄င်းတို့ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အာဟာရနှင့်ပက်သက်၍ အသိအမြင်ရှိမှု၊ စားသောက်ကုန်လုံခြုံမှုနှင့် ဈေးကွက်ထိုးဖောက်ရန် အသင့်ဖြစ်စေမှုတို့ကို တိုးတက်စေရန်အတွက် ပံ့ပိုးကူညီမှုအစီအစဉ်များလုပ်ဆောင်လျက်ရှိပါတယ်။ အောက်တိုဘာလ ၂၀၂၂ တွင် SBN ကွန်ရက်အားမိတ်ဆက်ခြင်း နှင့်အာဟာရတိုးတက်ရေး လုပ်ငန်းများနှင့် ချိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို SBN အဖွဲ့ဝင်များ၊ SME လုပ်ငန်းများနှင့် ဝန်ဆောင်မှုပေးသူများနှင့်အတူတကွ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ထိုအလုပ်ရုံဆွေးနွေးပွဲမှာ အခွင့်အလမ်းများနည်းတူ SME လုပ်ငန်းများ ကြုံတွေ့နေရတဲ့အခက်အခဲ၊ စိန်ခေါ်မှုများကိုလည်း ဆွေးနွေးရှာဖွေခဲ့ကြပါတယ်။
ထိုအလုပ်ရုံဆွေးနွေးပွဲရဲ့နောက်ဆက်တွဲအနေနဲ့ SBN Myanmar သည် “Ideation of Business Innovative Ideas & Food Safety” အလုပ်ရုံဆွေးနွေးပွဲကို Impact Hub Yangon နှင့် Myanmar Innovative Life Science တို့နှင့်အတူတကွ ရှမ်းပြည်နယ်တောင်ပိုင်းရှိ SBN အဖွဲ့ဝင်များနှင့် စားသောက်ကုန်ထုတ်သူများအတွက်ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ ယခုအလုပ်ရုံဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်ကတော့ စားသောက်ကုန်လုပ်ငန်းများမှ ဘေးကင်းပြီးအရည်အသွေးပြည့်ဝတဲ့ကုန်များကိုထုတ်လုပ်နိုင်ဖို့ ထပ်ဆောင်းပံ့ပိုးကူညီမှုအနေနဲ့ စားသောက်ကုန်လုံခြုံခြင်းနဲ့ အာဟာရဆိုင်ရာ ဗဟုသုတမျှဝေခြင်းများ၊ နည်းပညာပံ့ပိုးမှုများ၊ ဈေးကွက်နှင့် ငွေကြေးအခွင့်အလမ်းချိတ်ဆက်ခြင်းအစီအစဉ်တို့ကို ထည့်သွင်းပြုလုပ်သွားမှာဖြစ်ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲရဲ့အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
ရက်စွဲ။ ။ ၁၃ နှင့် ၁၄ ဇန်နဝါရီ ၂၀၂၃
အချိန်။ ။ မနက် (၉) နာရီ မှ ညနေ (၄) နာရီ အထိ (ပထမနေ့)၊ မနက် (၉) နာရီမှ နေလယ် (၂) နာရီခွဲအထိ (ဒုတိယနေ့)
နေရာ။ ။ UCT ဟိုတယ်၊ တောင်ကြီးမြို့
ယခုအလုပ်ရုံဆွေးနွေးပွဲမှာ (၂) ရက်တာကြာမြင့်သွားမှာဖြစ်ပြီး ပထမနေ့မှာတော့ စားသောက်ကုန်လုပ်ငန်းများကြုံတွေ့နေရတဲ့ အခက်အခဲစိန်ခေါ်မှုများအတွက် ဖြေရှင်းချက်များကို စီးပွားရေးစိတ်ကူးများအနေနဲ့ အတူတကွ ထုတ်ဖော်သွားမှာဖြစ်ပါတယ်။ ဒုတိယနေ့မှာတော့ အစားအစာဘေးကင်းရေးနဲ့ အရည်အသွေးထိန်းချုပ်ရေးဆိုင်ရာ အသိပညာများ ကို အသိပညာပေးမျှဝေသွားမှာဖြစ်ပါတယ်။
ယခုအလုပ်ရုံဆွေးနွေးပွဲမှတစ်ဆင့် စားသောက်ကုန်ထုတ်လုပ် သူများကြုံနေရတဲ့အခက်အခဲများအတွက် ဖြေရှင်းချက်စိတ်ကူးများထုတ်လာနိုင်ခြင်း၊ စားသောက်ကုန်ထုတ်သူများကြားမှာ စားသောက်ကုန်လုံခြုံမှုနဲ့ပက်သက်တဲ့ အသိပညာများတိုးတက်ခြင်း၊ ငွေကြေးအခွင့်အလမ်းများနဲ့ ထိတွေ့လာနိုင်ခြင်းနဲ့ ကွန်ရက်များပိုမိုကျယ်ပြန့်လာအောင် လုပ်ဆောင်လာနိုင်မှာပဲဖြစ်လို့ ရှမ်းပြည်နယ်တောင်ပိုင်းမှ စိတ်ပါဝင်စားသော စားသောက်ကုန်ထုတ်လုပ်သူများကို တက်ရောက်ဖို့အတွက် ဖိတ်ခေါ်အပ်ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်ရန်အတွက် စာရင်းပေးသွင်းခြင်းကို အောက်ဖော်ပြပါလင့်ခ်မှာ ၁၁ ဇန်နဝါရီ ၂၀၂၃ (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထားပြီး ပေးသွင်းနိုင်ပါတယ်။
စာရင်းပေးသွင်းရန်လင့်ခ်။ ။ https://docs.google.com/forms/d/e/1FAIpQLSdSy7IhcfA7SI9GS9jERlkHAP-rirPvmDeJRdxKrpPpc2ng2Q/viewform?usp=pp_url
အလုပ်ရုံဆွေးနွေးပွဲနေ့များမှာ ထုတ်ကုန်များပြသရန်အတွက် Product Showcase Booth များလည်းစီစဉ်ပေးထားမှာဖြစ်တဲ့အတွက်ကြောင့်တက်ရောက်လာသူများမှ ထုတ်ကုန်များပြသလိုပါက ယူဆောင်ခဲ့ရန်တိုက်တွန်းလိုပါတယ်။
[English]
Register for “Ideation Workshop: Exploring Business Innovative Ideas & Food Safety” which will be held in Taunggyi!
SBN Myanmar has been conducting many activities for supporting agro-food enterprises with their business development, nutrition awareness, food safety and readiness for market access. In October 2022, SBN Myanmar conducted its business awareness and engagement workshop in the Southern Shan State which was attended by SBN members, SMEs and service providers through which potential opportunities as well as challenges/constraints which are being faced by the SMEs/local food producers are being explored.
Following this workshop, SBN Myanmar will host “deation of Business Innovative Ideas and Food Safety” Workshop together with Impact Hub Yangon and Myanmar Innovative Life Science for SBN members, local food producers and processors in Southern Shan State. The aim of this workshop is to provide follow up support for improving safe and quality food production of local food producers and processors through the activities of nutrition knowledge sharing, technical assistance, market connectivity and access to finance.
The details of the workshop are as follows:
Date: 13th & 14th January 2023
Time: 9 am to 4 pm (Day 1), 9 am to 2:30 pm (Day 2)
Venue: UCT Hotel, Taunggyi, Shan State
The workshop will be two days whereby the first day will be ideation of new business ideas/solutions for the challenges and support needs identified in the previous workshop and second day will be promoting awareness on food safety and quality. Through this workshop, solutions for the challenges of local food producers will be ideated, promoting food safety awareness among local food producers, accessing financial and grant opportunities and expanding networks. Therefore, we would like to cordially invite interested agro-food businesses and food producers in Southern Shan State.
Please register for this workshop before 11th January 2023 (Wednesday) in the following link:
Registration link: https:https://docs.google.com/forms/d/e/1FAIpQLSdSy7IhcfA7SI9GS9jERlkHAP-rirPvmDeJRdxKrpPpc2ng2Q/viewform?usp=pp_url
Comments
Post a Comment