Marketing and Creative 101 (Concept Academy: Foundation Course 1)
Marketing and Creative 101 (Concept Academy: Foundation Course 1)
Concept academy ရဲ့ပထမဦးဆုံး course အဖြစ် မာကက်တင်းနယ်ပယ်က မိတ်ဆွေတွေအားလုံးသိသင့်တဲ့ အခြေခံကြောင်းအရာတွေကို စတင်ဝေမျှသွားမှာ ဖြစ်ပါတယ်။ 😀😀😀
ပါဝင်မယ့် Main Course တွေကတော့ -
1) Integrated Marketing communication
2) Blueprint for Impactful Copywriting
3) Concept of Visualization
တို့ဖြစ်ပြီး၊ အသေးစိတ် Title တွေကိုတော့ တစ်ပုံချင်းဆီမှာ ကြည့်ရှုနိုင်ပါတယ်။
ဘယ်လိုတက်ရမလဲ?👈👈👈
မတူညီတဲ့ Course တစ်ခုချင်းစီကို Instructor သုံးယောက်က Zoom Teaching Class ကနေ ပို့ချပေးမှာဖြစ်တဲ့အတွက် မိမိအိမ်ကနေ အဆင်ပြေပြေ တက်ရောက်သင်ကြားနိုင်ပါတယ်။
သင်တန်းကြေးနဲ့ အချိန်?👈👈👈
ဇန်နဝါရီ ၇ ရက်မှာ စဖွင့်မှာဖြစ်ပြီး သင်တန်းကာလ ၈ ပတ်ကြာမြင့်မှာ ဖြစ်ပါတယ်။ စနေ-တနင်္ဂနွေနှစ်ရက် ည ၇-၉ နာရီ တက်ရမှာ ဖြစ်ပါတယ်။ ၆ပတ်ဆက်တိုက်ကို Course တွေကိုပြောပြပေးမှာဖြစ်ပြီး ကျန်တဲ့နောက်ဆုံး၂ပတ်ကို assignment တင်ရမှာဖြစ်ပါတယ်။ အားလုံးပြီးဆုံးမှ Digital Certificate ပေးအပ်မှာဖြစ်ပါတယ်။ သင်တန်းကြေးကတော့ အပေါ်က Course ၃ ခုပါဝင်တဲ့ သင်တန်းကို တစ်ယောက် ၂ သိန်းကျသင့်မှာ ဖြစ်ပါတယ်။ (သင်တန်းကြေးကို ၂ ခါ ခွဲသွင်းနိုင်ပါတယ်။)
ဘယ်လိုလူတွေတက်သင့်လဲ?👈👈👈
Marketing and Creative ကို အခြေခံကစပြီး လေ့လာချင်သူတွေ၊ သိပြီးသား အခြေခံတွေကို လုပ်ငန်းခွင်ထဲမှာ လက်တွေ့ ထိထိရောက်ရောက် အသုံးချချင်သူတွေ တက်ရောက်နိုင်ပါတယ်။ ဘာသာရပ်တစ်ခုချင်းစီကို In-depth လေ့လာချင်တဲ့ Advance Level ပရော်ဖက်ရှင်နယ်တွေအနေနဲ့ နောက်ထပ်သင်တန်းအမှတ်စဉ်တွေမှာ တက်ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။ သင်တန်းကို limited seats အယောက် ၂၀ ပဲသတ်မှတ်ထားတာဖြစ်ပါတယ်။
ဘာထူးထူးခြားခြားအစီအစဥ်တွေရှိလဲ?👈👈👈
ပထမဦးဆုံး သင်တန်းအပ်တဲ့ သင်တန်းသား (၃) ယောက်ကို ၅၀% တိတိ လျှော့ပေးမှာဖြစ်လို့ တက်မယ်လို့ ဆုံးဖြတ်ပြီးရင် အမြန်ဆုံးအပ်ထားသင့်ပါတယ်။ နောက်ထပ်အစီအစဥ်ကတော့ သင်တန်းပြီးဆုံးတဲ့အခါ Brand တစ်ခုကို Case study လုပ်ပြီး Marketing Plan တစ်ခုကို အဖွဲ့အလိုက် ကိုယ်တိုင်ရေးဆွဲတင်ပြရမှာ ဖြစ်ပါတယ်။ အကောင်းဆုံး Plan ကို Instructor တွေက ရွေးချယ်ပြီး အနိုင်ရတဲ့အဖွဲ့ကို ဆုငွေပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။
ဒါကြောင့် မိတ်ဆွေတို့ရဲ့ Marketing and Creative Skill တွေကို Concept နဲ့ပေါင်းပြီး လက်တွေ့အသုံးချနိုင်ဖို့ Concept Academy မှာ ဒီနေ့ကစပြီး Jan 6 ရက်နေ့အထိ အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပြီနော်။ Concept academy page messenger သို့ ၀၉ ၇၉၅၈၁၇၇၃၆, ၀၉ ၇၉၈၄၄၁၈၀၂ ကို ဆက်သွယ်ပြီးစာရင်းပေးသွင်းနိုင်ပါပြီ
#concept_academy
#light_up_your_flame_of_concept
Comments
Post a Comment