ကျောင်းသူကျောင်းသားများနဲ့ အုပ်ထိန်းသူ၊ မိဘများပါ ပါဝင်တက်ရောက်နိုင်မယ့် ၎င်း Webinar


 [Burmese Text Below]


Parami University will soon host an event where not only the prospective students but also their parents and guardians can participate!


🟡 What is Parami University?

Parami University is the first-ever private non-profit university and the first in Myanmar. It is also the first university in Myanmar to teach using a Virtual Campus. Parami’s undergraduate programs: Bachelor of Arts in Philosophy, Politics, and Economics (PPE), and Bachelor of Arts in Statistics and Data Science (SDS) are licensed under the Higher Education Licensure Commission (HELC) of Washington, DC, in the US.


✅Who should participate in this event?

Anyone interested in American university education, including parents and guardians, students who have postponed their higher education for various reasons, and students who wish to continue their university education with a full scholarship, can participate in this event for free.


✅Why study at Parami University?

The classes at Parami, the U.S. higher education system, are fully synchronous and delivered using advanced education technologies with world-class faculty. Therefore, not only students from Myanmar but also students from Southeast Asian countries are taking admissions and studying at Parami. In addition, due to the nature of non-profit universities, as there are more opportunities to get scholarships, students should rather focus on successfully passing the admissions process.


✅Why attends this event?

This event will unpack various topics, such as the things you should know when applying for admission to Parami University, the dual degree program in partnership with Bard College, the importance of Liberal Arts and Sciences education, future opportunities, and scholarships. Moreover, the participant will be able to ask questions directly about their education or their children’s education. Hence, both prospective students of Parami University, parents, and guardians shouldn’t miss the chance and participate in this event!


Webinar Date & Time: Tuesday, January 10, 2023, 7 PM - 8 PM Myanmar Time (7:30 PM - 8:30 PM ICT)


Register here:

https://paramiuniversity.zoom.us/meeting/register/tZYscu6vrTItHNGDVN3SeuNss4vpX3gpkzPt

___________________________________


ပါရမီတက္ကသိုလ်မှ ကျောင်းသူကျောင်းသားများသာမက မိဘများ၊အုပ်ထိန်းသူများပါ တက်ရောက်ပါဝင်နိုင်မယ့် အစီအစဉ်တစ်ခုကို ကျင်းပပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ 


🟡 ပါရမီတက္ကသိုလ်အကြောင်း

ပါရမီတက္ကသိုလ်ဟာ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော အကျိုးအမြတ်မယူတဲ့ ပုဂ္ဂလိက တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော Virtual Campus ကို အသုံးပြုပြီး သင်ကြားတဲ့ တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။ ပါရမီတက္ကသိုလ်မှာ ဖွင့်လှစ်ထားရှိတဲ့ ဘွဲ့ကြိုပရိုဂရမ် နှစ်ခုဖြစ်သော  Bachelor of Arts in Philosophy, Politics, and Economics (PPE) နှင့် Bachelor of Arts in Statistics and Data Science (SDS) ပရိုဂရမ် နှစ်ခုလုံး‌ဟာ အမေရိကန်ပြည်ထောင်စု Washington, D.C. ၏ Higher Education Licensure Commission (HELC) မှ တရားဝင်လိုင်စင်ရရှိထားပြီးဖြစ်ပါတယ်။


✅ ဘယ်သူတွေ ပါဝင်တက်ရောက်သင့်လဲ။

ဒီအစီအစဉ်ကို မိဘ၊ အုပ်ထိန်းသူများသာမက တက္ကသိုလ်ပညာရေးကို အကြောင်းအမျိုးအမျိုးကြောင့် ရပ်တန့်နေခဲ့ကြရတဲ့ ကျောင်းသူကျောင်းသားများ၊ တက္ကသိုလ်ပညာရေးကို Full Scholarship (အပြည့်အဝ ပညာသင်ဆု) ဖြင့် ဆက်လက်တက်ရောက်လိုသော ကျောင်းသူကျောင်းသားများအပါအဝင် အမေရိကန် တက္ကသိုလ်ပညာရေး) ကို စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ ပါဝင်တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။


✅ဘာကြောင့် ပါရမီတက္ကသိုလ်မှာ တက်ရောက်သင့်တာလဲ။

ပါရမီတက္ကသိုလ်ဟာ အမေရိကန်တက္ကသိုလ်ပညာရေးဖြစ်တာကြောင့် ဘာသာရပ်များကို ကမ္ဘာ့အဆင့်မီ ပါမောက္ခများမှ သင်ကြားပို့ချပေးလျှက်ရှိတာဖြစ်ပြီး အဆင့်မြင့်သင်ကြားမှု နည်းပညာများအား အသုံးပြုကာ သင်ကြားပို့ချနေသော တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံအတွင်းမှ ကျောင်းသူကျောင်းသားများသာမက အရှေ့တောင်အာရှနိုင်ငံများမှ ကျောင်းသူကျောင်းသားများပါ ဝင်ခွင့်များ ဖြေဆိုကာ တက်ရောက်လျက်ရှိတဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အကျိုးအမြတ်မယူသော တက္ကသိုလ်များရဲ့ သဘောသဘာဝအတိုင်း ပညာသင်ဆုရနိုင်မယ့် အခွင့်အလမ်း ပိုများပြားပြီး ပညာသင်ဆုပေးအပ်မယ့် ဦးရေဟာလည်း များပြားတာကြောင့် ကျောင်းသူကျောင်းသားများ အနေဖြင့် Admissions process (ဝင်ခွင့် အဆင့်များ) ကို အောင်မြင်အောင် ဖြေဆိုနိုင်ဖို့ကို အဓိကထား ကြိုးစားသင့်တဲ့ တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။


✅ ဘာလို့ တက်ရောက်သင့်တာလဲ။

ဒီအစီအစဉ်မှာဆိုရင် ပါရမီတက္ကသိုလ်ဝင်ခွင့်လျှောက်ထားရာမှာ သိသင့်သိထိုက်တဲ့ အကြောင်းအရာများ အပြင် ပါရမီတက္ကသိုလ် ဘွဲ့ကြိုပရိုဂရမ်ကို တက်ရောက်ခွင့်ရရှိသူကျောင်းသူကျောင်းသားများအတွက် Parami University + Bard College မှာ Dual Degree ရရှိနိုင်မယ့် အကြောင်းအရာများ၊ Liberal Arts and Sciences education ရဲ့ အရေးပါမှုများ နှင့် အနာဂတ်အခွင့်အလမ်းများ နှင့် ပညာသင်ဆုနှင့် ပတ်သက်သော အကြောင်းအရာများကို အသေးစိတ်သိရှိနိုင်မယ့်အပြင် မိမိရဲ့ပညာရေးနှင့် ပတ်သက်၍ ဖြစ်စေ၊ သားသမီးများရဲ့ ပညာ‌ရေးအတွက် ဖြစ်စေ သိရှိလိုတာများကို တိုက်ရိုက်မေးမြန်းနိုင်မှာဖြစ်လို့ ကျောင်းသူကျောင်းသားများရော၊ မိဘများ၊ အုပ်ထိန်းသူများပါ မပြတ်မကွက် ပါဝင်တက်ရောက်သင့်ပါတယ်။


ကျောင်းသူကျောင်းသားများနဲ့ အုပ်ထိန်းသူ၊ မိဘများပါ ပါဝင်တက်ရောက်နိုင်မယ့် ၎င်း Webinar အစီအစဉ်ကို ၂၀၂၃ ခုနှစ် ၊ဇန်နဝါရီလ (၁၀)ရက် ၊ အင်္ဂါနေ့ ၊ မြန်မာစံတော်ချိန် ည (၇)နာရီတွင် ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ 


ပါဝင်တက်ရောက်လိုပါက - https://paramiuniversity.zoom.us/meeting/register/tZYscu6vrTItHNGDVN3SeuNss4vpX3gpkzPt 

တွင် ဝင်ရောက်စာရင်းပေးသွင်း ပါဝင်နိုင်ပါတယ်။

https://www.parami.edu.mm/

+95 9 793 030555


Comments

Popular posts from this blog

Grade 10 English

Grade 10 Math Chapter 1 to 4

Grade 10 physics