School of Tourism & Hospitality Management
School of Tourism & Hospitality Management
ကမ္ဘာပေါ်မှာ တနေ့ထက်တနေ့ အရှိန်အဟုန်နဲ့ အားကောင်းလာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများတဲ့နယ်ပယ်၊ ကမ္ဘာ့စီးပွားရေးမှာလည်း ဝင်ငွေစီးဆင်းမှု အကောင်းဆုံးကဏ္ဍတခုလို့ ပြောရင် သင်ဘယ်နယ်ပယ်ကို တွေးမိလဲ?
📈 အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ Tourism & Hospitality နယ်ပယ်ပဲ ဖြစ်ပါတယ်။
🌍 Tourism & Hospitality လို့ပြောလိုက်ရင် သူ့အောက်မှာ ကျယ်ပြန့်စပ်ဆက်နေတဲ့ ကဏ္ဍများစွာပါဝင်နေပါတယ်။ ဟိုတယ်၊ ခရီးသွားဝန်ဆောင်မှု၊ စားသောက်ဆိုင်၊ ပွဲအခမ်းအနားစီစဥ်ခြင်း အစရှိသဖြင့် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု များပြားတဲ့လုပ်ငန်းတွေဖြစ်လို့ တိုင်းပြည်ဝင်ငွေကို တိုးပွားစေတဲ့ နယ်ပယ်လို့လည်း ပြောလို့ရပါတယ်။
🛫 နေ့စဥ်လှုပ်ရှားရုန်းကန်နေကြရတဲ့ လူနေမှုဘဝတွေထဲကနေ တခဏထွက်ပြီး စိတ်အပန်းပြေဖို့ပဲဖြစ်ဖြစ်၊ မိသားစု မိတ်ဆွေ အချင်းချင်းပိုမိုနွေးထွေးမှုရဖို့ပဲဖြစ်ဖြစ်၊ စီးပွားရေး၊ လူမှုရေးကိစ္စ၊ ကျန်းမာရေးအရ စတဲ့ အမျိုးမျိုးသော ခေါင်းစဥ်တွေအောက်မှာ လူတွေဟာ ခရီးသွားလာနေကြရပါတယ်။
🗺 ခရီးသွားများရှိနေသရွေ့ Tourism လုပ်ငန်းများဟာလည်း ဘယ်တော့မှ တိမ်ကောပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ ပြည်တွင်း ပြည်ပ ခရီးသွားဝန်ဆောင်မှုတွေပေးမလား၊ အစားအသောက်ပိုင်းမှာဆိုရင်လည်း အခုခေတ်ရေစီးကြောင်းအရ ချစ်စရာကောင်းတဲ့ Coffee Shop လေးပဲဖွင့်မလား သင်စိတ်ကူးထားတဲ့အိပ်မက်တွေကို Tourism Sector မှာ အကောင်အထည်ဖော်လို့ရနေပါပြီ။
👩🏫 ဒီလို Tourism & Hospitality နယ်ပယ်မှာ အရည်အချင်းပြည့်ဝစွာနဲ့ အလုပ်လုပ်နိုင်ဖို့အတွက် NIM ရဲ့ School of Tourism & Hospitality Management က Professional ကျပြီး သက်ဆိုင်ရာနယ်ပယ်တွေမှာ လုပ်ငန်းအတွေ့အကြုံများပြားတဲ့ ဆရာ၊ ဆရာမတွေကိုယ်တိုင် လေ့ကျင့်သင်ကြားပေးမှာပါ။
💡 Tourism ကဏ္ဍမှာ ရပ်တည်ဖို့ဆိုရင် ဘယ်လိုအရည်အချင်းတွေလိုအပ်မလဲ....
ဒီကဏ္ဍက လူအများနဲ့အဓိကပြောဆိုဆက်ဆံရလို့ အဖွဲ့အစည်းနဲ့လုပ်ကိုင်နိုင်ခြင်း၊ အချိန်ကိုစနစ်တကျစီမံခန့်ခွဲနိုင်ခြင်း၊ ဆန်းသစ်သောအတွေးအခေါ်များကိုတွေးခေါ်နိုင်ခြင်း၊ ပြဿနာနဲ့ကြုံလာရင် အဆင်ပြေလွယ်ကူအောင်ဖြေရှင်းနိုင်ခြင်း၊ စာရင်းအင်းပိုင်းဆိုင်ရာနိုင်နင်းခြင်း၊ ဈေးကွက်အခြေအနေနဲ့ Customer ရဲ့ လိုအပ်ချက်ကို သိရှိနားလည်ခြင်း၊ မတူညီသော ယဥ်ကျေးမှုပုံစံများ ဘာသာစကားများလေ့လာနိုင်ခြင်း စသည့် အရည်အချင်းတွေရရှိအောင် တွေးခေါ်တတ်အောင် NIM ရဲ့ Modules တွေထဲမှာ ထည့်သွင်း သင်ကြားပေးသွားမှာပါ။
🔍 သင်တန်းကာလအတွင်းမှာ ပညာ၊ အတွေ့အကြုံ၊ ဝင်ငွေ ၃ခုလုံး ရနိုင်မယ့် အခွင့်အရေး....
နိုင်ငံတကာမှာ ထိုးဖောက်နိုင်ဖို့ စာတွေ့၊ လက်တွေ့ သင်ကြားပေးတဲ့အပြင် Internship ကာလအတွင်းမှာလည်း NIM နဲ့ ချိတ်ဆက်ထားတဲ့ နာမည်ရလုပ်ငန်းများ၊ 4Star, 5Star ဟိုတယ်များမှာပါ လက်တွေ့ဆင်းနိုင်မှာဖြစ်ပြီး Paid Internship ဖြစ်လို့ လစာပါရရှိမှာဖြစ်ပါတယ်။
📚 NIM မှာ Tourism & Hospitality Management အတွက် တက်ရောက်နိုင်တဲ့ သင်တန်းတွေက....
🎓 Advanced Diploma
🎓 Postgraduate Diploma
🎓 Bachelor Degree
🗺 စင်ကာပူနိုင်ငံကနေတဆင့် အနောက်နိုင်ငံတွေထိ ပညာရေးခရီးဆက်ချင်သူတွေ၊ ပြည်တွင်းသာမက နိုင်ငံတကာရဲ့ ဟိုတယ်နှင့် ခရီးသွား ဧည့်ဝန်ဆောင်မှုကဏ္ဍမှာ ယုံကြည်ချက်ရှိရှိ ရပ်တည်ချင်သူတွေရဲ့ ရည်ရွယ်ရာလမ်းကြောင်းတွေကို ဆက်လက်လျှောက်လှမ်းဖို့ NIM က အနာဂတ် ပေါင်းကူးတံတားအဖြစ် ပညာရှင်တွေကို မွေးထုတ်ပေးနေတာဖြစ်လို့ အသေးစိတ်သိလိုတာတွေကို အခုပဲဆက်သွယ်မေးမြန်းလိုက်တော့နော်။
+65 6777 6996
#TourismAndHospitalityManagement
#AdvancedDiploma
#BachelorDegree
#PostgraduateDiploma
#NIM
#NanyangInstituteofManagement
#Singapore
Comments
Post a Comment