Super Brain Program

 


အားလပ်ရက် Summer မှာ ကိုယ့်ရဲ့ ကလေးကို ဘယ်လိုသင်တန်းမျိုး ထားရမလဲ စုံစမ်းနေတဲ့ ဖေဖေမေမေတွေရှိလား‼️


နွေရာသီ ကျောင်းပိတ်ရက်တွေမှာ ကိုယ့်ရဲ့ကလေးကို အနာဂတ်အတွက် အကျိုးရှိစေမယ့် ပညာရပ်တွေကို လေ့လာသင်ကြားပေးချင်တဲ့ ဖေဖေမေမေတို့အတွက် 👇🏻


BTA ရဲ့ Summer Program လေးဖြစ်တဲ့ Super Brain Program အကြောင်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ 


ဒီ Program လေးဟာဆိုရင် သားသားမီးမီးလေးတွေ အတွက် မြန်မာနိုင်ငံမှာ ပထမဆုံး အနေနဲ့ ကလေးတွေကို ဦးနှောက် မှတ်ဉာဏ်စွမ်းအား တိုးတက်အောင် လေ့ကျင့်ပေးမယ့်  Special Program လေးတစ်ခုပဲ ဖြစ်ပါတယ်။ 


ဒီ Program လေးမှာ ဆိုရင် ….


🔺ဦးနှောက်ရဲ့လုပ်ဆောင်ပုံ အခြေခံသဘောတရားလေးတွေ


🔺မှတ်ဉာဏ်ကောင်းအောင် စနစ်တကျ ပြုစု​ပျိုးထောင်နည်းတွေ


🔺စနစ်တကျ စာလေ့လာမှတ်သားတဲ့ နည်းစနစ်ပေါင်းများစွာထဲက World Memory Champion တွေသုံးတဲ့👇🏻


1 Loci Method

2 Number Shape System

3 VAC နည်းလမ်းတွေ

4 Skeleton Method တွေ


– ရေတိုရလဒ်တစ်ခုထဲကို မကြည့်ပဲနဲ့ ရေရှည်မှာရော ဘာတွေ သက်ရောက်မှုရှိမလဲဆိုတဲ့ နည်းစနစ်တွေ


– အရေးကြီးတဲ့အရာတွေနဲ့ အရေးမကြီးတဲ့အရာတွေကို စနစ်တကျ ဘယ်လိုခွဲခြားဆုံးဖြတ်ရမယ်ဆိုတဲ့ နည်းစနစ်တွေ 


– ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ရောက်အောင် ဘယ်လိုမျိုး စနစ်တကျ စဉ်းစားတွေးခေါ်ရမလဲ ဆိုတဲ့ နည်းလမ်းတွေ အပြင် တခြား စိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းလေးတွေကိုလည်း လေ့ကျင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။


ဒီ Program လေးရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်လေးတွေကတော့ …. 


– ကျောင်းစာမှာ အရမ်းထူးချွန်ချင်တဲ့ သားသားမီးမီးလေးတွေ အတွက် အဆင်ပြေစေမယ် 


– ခက်ခက်ခဲခဲ သင်မှရမယ့် ဘယ်ပညာရပ်မဆို လွယ်လွယ်ကူကူ လေ့လာချင်တဲ့ သားသားမီးမီးလေးတွေ အတွက် အဆင်ပြေစေမယ် 


– စာလေ့လာရ​နေရတာကိုက သူတို့အကျွမ်းကျင်ဆုံး အလုပ်တစ်ခုလိုဖြစ်လာစေ ​ချင်တဲ့ ဖေဖေမေမေတွေ အတွက် အဆင်ပြေမယ်


– ငယ်ငယ်လေးကတည်းက အလေ့ကျင့်ကောင်းတွေ စနစ်တကျပြုစု​ပျိုးထောင်ချင်တဲ့ သားသားမီးမီးလေးတွေ အတွက် အဆင်ပြေစေမယ် 


– ကလေးအနာဂတ်အတွက် စိတ်အေးချင်တဲ့ ဖေဖေမေမေတွေ အတွက် အဆင်ပြေစေမယ့် Program လေးတစ်ခုပဲ ဖြစ်ပါတယ်နော် … ။


ဒီ Program လေးကို သင်ကြားပြီးတာ ရရှိလာစေမယ့် အကျိုးကျေးဇူး လေးတွေကတော့ …


စာလေ့လာရတယ့်အလုပ်ကို သူတို့လေးတွေရဲ့ အလွယ်ကူဆုံး အလုပ်လို့ မြင်လာမယ်။ 


အရင်ကထက် မှတ်ဉာဏ်ပိုကောင်းလာမယ်။


Nyan Htet Secret Habit plan ကြောင့် 

❗စာအုပ်လေးတွေ ဖတ်တတ်လာမယ်။

❗အာရုံစူးစိုက်မှုပိုကောင်းလာမယ်။

❗positive mindset ပိုကောင်းလာမယ်။

❗တစ်ဖက်သားအပေါ် ကူညီပေးလာမယ်။


​✅ပညာရေးမှာ အရမ်းထူးချွန်လာမယ်။


✅ဘဝတစ်သက်တာလုံး ဘယ်ပညာရပ်မဆို အလွယ်တကူ သင်ယူတတ်​မြောက်လာနိုင်မယ်။


✅မြန်မာ ကလေးတွေအများစုဖြစ်လေ့ဖြစ်ထရှိတဲ့ ကျောင်းမှာ Confidence မရှိဖြစ်နေတာ မျိုးတွေ ဖြစ်မှာ မဟုတ်​တော့ဘူး။


Program လေးကို စိတ်ဝင်စားလို့ အတန်းအပ်ချင်တဲ့ ဖေဖေမေမေတို့အနေနဲ့ စိတ်ကြိုက် ရွေးချယ်ခွင့် နှစ်ခု ရှိပါတယ်။ ပထမ တစ်ခုကတော့ Online Zoom Class နဲ့ သင်ကြားပေးတာ ဖြစ်ပြီး၊ ဒုတိယ တစ်ခုကတော့ Yangon Campus နဲ့ Mandalay Campus ဆိုပြီး အပြင် Campus လေးရော ဖွင့်ထားတာ ဖြစ်ပါတယ်။ 


ဒီလို စိတ်ကြိုက်ရွေးချယ်ခွင့်ရတဲ့ အခွင့်ရေးလေး ရှိတာကြောင့် ကိုယ်ကြိုက်နှစ်သက်တဲ့ ပုံစံကို ရွေးချယ်ပြီး သင်တန်းအပ်လို့ ရပါတယ်နော် ဖေဖေမေမေတို့ရေ…။ ဖေဖေမေမေ တို့အတွက်အထူး Promotion လေးလည်းရှိတာမလို့မြန်မြန်လာဝယ်လိုက်တော့နော်။


Yangon Campus 📍


Shophouse 215 , 4th floor , Times City , Kamayut Township


အမှတ် ၁၁၂၊ မိုးကောင်းကွန်ဒို ၊ အောင်ဇေယျလမ်း၊ ရန်ကင်းမြို့နယ် ၊ Tower B (Mezzanine)


Mandalay Campus 📍


၇၃ လမ်း ၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြားရှိ Block ( 2 ) , Unit ( 10 ) ၊ Mingalar Mandalay , ချမ်းမြသာစည် မြို့နယ်၊ မန္တလေးမြို့။


နွေရာသီကျောင်းပိတ်ရက်မှာ ကိုယ့်ရဲ့ကလေးကို ဒီသင်တန်းလေး အပ်ဖို့ စိတ်ဝင်စားတဲ့ ဖေဖေမေမေတို့အနေနဲ့ အသေးစိတ်သိချင်တယ်ဆိုရင် ( 09796417950 ) ဖြစ်တဲ့ ဒီနံပါတ်လေးကိုလည်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ဖေဖေမေမေတို့ရေ….။


#BTA

Comments

Popular posts from this blog

Grade 10 Chemistry Lessons

Grade 10 physics

Grade 10 Math Chapter 5 to 9