ထိုင်းနိုင်ငံမှာ BA English

 နေထိုင်ဖို့လဲ အဆင်ပြေမယ်



ထိုင်းနိုင်က‌ေပးတဲ့ BA English ဘွဲ့လဲရမယ် ကုန်ကျစရိတ်လဲ အသက်သာဆုံးဖြစ်တာကြောင့် ငွေကြေး ပမာဏ မတတ်နိုင်သူတွေအတွက်

ကျွန်မ တက်နေတဲ့ University အကြောင်းလေး လ်ုအပ်မယ့်သူတွေအတွက်မျှဝေထားတာပါ။

Placement test က April 3 မှာဖြေရပါမယ်

ကျောင်းဝင်ခွင့်တွေ ခေါ်နေပြီမိုလို့ ကျောင်းကခုလျောက်လို့ရနေပါပြီ။ကျောင်းကတော့ June လမှ စတက်ရပါမယ်။


🇹🇭 ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်အတွက် ဗီဇာလေးနှစ်ရပါမယ်။

💵 ငွေကြေးကလဲ တစ်နှစ်လုံးမှ ဘတ်တစ်သောင်းကျော်ပဲကုန်မယ်။

👩‍💻 အားလပ်ချိန်မှာ ကိုယ်ဝါသနာပါကာအလုပ်လည်းလုပ်လို့ရမယ်။👌

 လေးနှစ်ပြီးရင် ထိုင်းနိုင်ငံမှာ BA Englishဘွဲ့လညည်းရပါမယ်။


ဒီအခွင့်အရေးတွေရဖို့အတွက် ထိုင်းနိုင်ငံရဲ့ ဗုဒ္ဓတက္ကသိုလ်ဖြစ်တဲ့

Mahachulalongkornrajavidyalaya University 

Chiang Mai မှာ ကျောင်းတက်ရမှာပဲဖြစ်ပါတယ်။


📌 ကျောင်းက ဘယ်မှာရှိပါသလဲ??? ချင်းမိုင်နဲ့ အယုဒ္ဓယ တို့မှာ ရှိပါတယ်။


📌 ကျောင်းဝင်ခွင့်အတွက် ငွေကြေးဘယ်လောက်ကုန်ကျမလဲ ???

ကျောင်းစအပ်တဲ့ အချိန်မှာ ပထမနှစ်ဝက်အတွက် ကျောင်းလစာ ဘတ် 7500 ပဲ သွင်းရပါမယ်။

ပထမနှစ်ဝက်လေးလပြီးတဲ့ အချိန်မှာတော့ ဒုတိယ နှစ်ဝက်အတွက် ဘတ် 6000 ကျော် သွင်းရပါတယ်။

Student visa ပြောင်းဖို့အတွက် တစ်နှစ်စာကုန်ကျစရိတ်က ဘတ် 1900 ဖြစ်တဲ့အတွက်တစ်နှစ်စာအတွက် စုစုပေါင်းကုန်ကျ‌ငွေဟာ 

ဘတ် 💵 17000 ဝန်းကျင်သာရှိပါတယ်။


📌 ကျောင်းတက်ဖို့အတွက် ဘယ်လို Document တွေလိုပါသလဲ ???

ကျောင်းလျောက်မယ့်သူက ထိုင်းနိုင်ငံအတွင်းမှာရှိနေမယ်ဆိုရင်တော့ ဗီဇာသက်တမ်းနှစ်လလောက်ကျန်နေသေးတဲ့ Passport လိုအပ်ပါတယ်။

အကယ်၍ ထိုင်းနိုင်ငံရဲ့ပြင်ပ မှာရှိနေမယ် ( မြန်မာပြည် သို့မဟုတ် ထိုင်းမဟုတ်တဲ့ တခြားဘယ်နိုင်မှာမဆို) ဆိုရင်တော့ passport သက်တမ်းအနည်းဆုံး ခြောက်လကျန်ရှိတဲ့ passport စာအုပ်ပဲလိုပါတယ်။


📌 ဆယ်တန်းအောင်လက်မှတ် သို့မဟုတ် ဘွဲ့လက်မှတ် Notery ပြန်ပြီးသားရှိရပါမယ်။


📌 ဘယ်အချိန်မှာ ကျောင်းဝင်ခွင့် လျောက်လို့ရပါလဲ?? ဘယ်မှာ စုံစမ်းလို့ရပါသလဲ?? 

January လကစပြီး ကျောငိးဝင်ခွင့် လျောက်ထားလို့ရတဲ့အကြောင်း ကို

Mahachulalongkornrajavidyalaya University ရဲ့ website မှာ ဝင်ရောက်စုံစမ်းလို့ရပါတယ်။

အရင်ဆုံး ကိုယ့်ရဲ့ လိုအပ်တဲ့ အချက်အလက်တွေနဲ့အတူ email ပို့ပြီးလျောက်ထားရပါမယ်။

ရွေးချယ်ခံရပြီဆိုရင်တော့ လျောက်ထားသူထံသို့ ကျောင်းက email ပို့ပြီး ဆက်သွယ်လာပါလိမ့်မယ်။


📌 ဝင်ခွင့်ဖြေဖို့ လိုအပ်ပါသလား??

 ကျောင်းကနေ email နဲ့ ဆက်သွယ်လာပြီဆိုရင်တော့ ဝင်ခွင့်ဖြေဖို့အတွက် ပြင်ဆင်ထားရပါမယ်။


📌 ဝင်ခွင့်စာမေးပွဲမှာ ဘာတွေ မေးတတ်ပါသလဲ??

ဗုဒ္ဓတက္ကသိုလ်မှာ ထိုင်းနိုင်ငံသားမဟုတ်သူတွေအတွက်( English major) သာလျင် ယူခွင့်ရှိပါတယ်။ ဝင်ခွင့်ဖြေတဲ့အခါ

Writing & Oral test ဆိုပြီး နှစ်ပိုင်းဖြေရပါတယ်။

Writing မှာ  Basic Grammar ကို Multiple choice နဲ့ ဖြေရပြီး

ဗုဒ္ဓတက္ကသိုလ်ဖြစ်တဲ့အတွက် ငါးပါးသီလ (five Precepts) ကို  မိမိနားလည်သလို Essay ရေးရပါတယ်။ ဝင်ခွင့်ဖြေဆိုသူ အားလုံးနီးပါးကို အအောင်ပေးလေ့ရှိပါတယ်။


Oral test မှာတော့ ဘယ်ကလာလဲ ဘာလာလုပ်သလဲဆိုတဲ့မေးခွန်း အချို့နဲ့ ဒီကျောင်းကို လေးနှစ်ပြည့်တဲ့အထိ တတ်နိုင်သလားဆိုတဲ့မေးခွနိးမျိုးသာမေးလေ့ရှိပါတယ်။ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ မေးခွန်းအချို့လဲမေးတတ်ပါတယ်။တယောက်ချင်းစီဖြေရတဲ့ အတွက်ဆရာ မေးတဲ့ဆရာမတူတဲ့အတွက် oral test မှာတော့ တယောက်န‌ဲ့တယောက်မေးတာခြင်း မတူတတ်ပါဘူး။

(မြန်မာ အများစုက ဗီဇာအတွက် ခဏသာတတ်ကြပြီး တခြားပုံစံနဲ့နေထိုင်ခွင့် အဆင်ပြေသွားတဲ့အခါ  ကျောင်းထွက်သွားတတ်ကြတာမို့ သူတို့က ဒီလိုမေးခွနိးမျိုးကိုထည့်မေးခြင်းဖြစ်ပါတယ်)


📌 မြန်မာပြည်ထဲကနေလာချင်သူတွေဘယ်လိုလုပ်ရမလဲ။ 

ကျောင်းက ဧပြီမှစခေါ်ပြီဆိုတာနဲ့ ဝင်လျောက်လို့ရပါတယ်။ ဝင်ခွင့်ကိုလည်း အွန်လိုင်းကနေ ပေးဖြေပါတယ်။ ဝင်ခွင့်အောင်ပြီး ကျောင်းက စာရွက်စာတမ်းရမှမြန်မာပြည်က ထိုင်းသံရုံးမှာ ဗီဇာတင်ပြီးထွက်လာလို့ရသလို

ဝင်ခွင့်အောင်ပြီဆိုတာနဲ့ Tourist Visa ပဲလျောက်ပြီး အရင်လာပြီးမှ  student visa အတွက် processကို ဒီရောက်မှ ဆက်လုပ်လို့လဲရပါတယ်။


📌 အသက်ကန့်သက်ချက်ရှိပါသလား???

အသက်ကန့်သက်ချက်မရှိပါဘူး။ စာရေးသူ တက်တဲ့နှစ်မှာတော့  ကျောင်းမှာ အသက်အကြီးဆုံးအဖြစ် စာရေးသူက်ုယ်တိုင် 45 နှစ်နဲ့ ဝင်ခွင့်ရခဲ့ပါတယ် 😁


📌 တစ်ပတ်ကို ကျောင်းဘယ်နှစ်ရက် တက်ရပါသလဲ ???

တစ်ပတ်ကို လေးရက် ကျောင်းတက်ရပါတယ်။

တက်ရတဲ့ရက်တွေမှာလဲ မနက် ကိုးနာရီကနေ ညနေ

 သုံးနာရီအထိ သုံးရက်တက်ရပြီး ကျန်တရက်ပတော့ မနက်တပိုင်းပဲတက်ရပါတယ်။


📌 သင်ကြားရေးပိုင်းမှာ ဘယ်လိုရှိလဲ???

English major ဖြစ်တဲ့အတွက် 

Writing အတွက်

Grammar ပိုင်းကို အခြေခံကနေ အသေးစိတ်သင်ပါတယ်။ Speaking & Reading အတွက် Native speaker နဲ့သင်ကြားပေးပါတယ်။

Minor အနေနဲ့ Law /meditation & Pali ဘာသာရပ်တွေကို သင်ကြားပေးပါတယ်။


📌 ဒီတက္ကသိုလိကို ဘာကြောင့် Recommend ပေးရတာပါလဲ????

 

နေထိုင်ခွင့်ကိုလည်း Student Visa နဲ့ရပြီး ကျောင်းသားကဒ်တရားဝင်ကိုင်ဆောင်ထားခွင့်ရတာကြောင့် မြန်မာတွေ မျက်နှာငယ်ရတဲ့ Thai immigration တွေကို မျက်နှာမော့ပြီးဝင်လို့ရတာအပြင် ထိုင်းကျောင်းသားတွေခံစားရရှိတဲ့တခြား အခွင့်အရေးများလဲ ရရှိနိုင်တဲ့ Visa Type ဖြစ်နေပါတယ်။

ဒါ့အပြင် ကျောင်းတက်ရတဲ့အချိန်တွေဟာလည်း အလကားကုန်ဆုံးတာမျိုးမဟုတ်ပဲ ကမ္ဘာသုံးဘာသာစကားတစ်ခုဖြစ်တဲ့ English language ကို ဘာသာရပ်တစ်ခုအနေနဲ့ သင်ကြားခွင့်ရနေပါတယ်။ အချိန်ပိုင်းပဲတတ်ရတဲ့အတွက် တစ်ဖက်မှာ ကိုယ်ဝါသနာပါရာကို လုပ်လို့လဲရပါတယ်။ငွေကုန်ကြေးကျလဲအလွန်သက်သာပါတယ်။

Buddhism အကြောင်းကိုလဲ အသေးစိတ်လေ့လာရပြီး

Meditation ကို စာတေတွ့ရော လက်တွေ့ပါ သင်ကြားပေးတဲ့အတွက်လဲ မိမိတို့ရဲ့ Mindfulness ကိုလည်း တိုးတက်စေမှာပါ 😊 🙏 


🎯 2023 စာသင်နှစ် ချင်းမိုင် ဗုဒ္စတက္ကသိုလ်ရဲ့ First year မှာ ကျောင်းသားစုစုပေါင်း ခြောက်ဆယ်ကျော်ရှိပြီးတော့ မြန်မာကျောင်းသား အရေအတွက်က ငါးဆယ်ကျော်ရှိနေပါတယ်။

ဒါကြောင့် 2024 ပညာသင်နှစ်အတွက် လက်မနှေးရအောင် စာရေးသူအနေနဲ့ သိသမျှဝေမျှလိုက်ရပါတယ်ရှင့်😍

ဗုဒ္ဓတက္ကသိုလ်မို့ တခြားဘာသာဝင်တို့တက်လို့ရလား???????

တက်လို့ရပါတယ်ရှင့်

ကျောင်းနဲ့ပတ်သက်ပြီး တခြားသိလိုတာရှိရင်လဲ 

Chat Box မှာမေးလို့ရပါတယ်ရှင့်။

🚨စေတနာဖြင့်သာ အခကြေးငွေဖြင့် ကျောင်းကိစ္စအတွက် ဝန်ဆောင်ပေးခြင်းမရှိပါ။🚨

Comments

Popular posts from this blog

Grade 10 Chemistry Lessons

Grade 10 physics

Grade 10 Math Chapter 5 to 9