ထိုင်းကျောင်းလာထားမယ်ဆိုတဲ့မိဘတွေဖတ်ဖို့ပါဗျ။

 ထိုင်းကျောင်းလာထားမယ်ဆိုတဲ့မိဘတွေဖတ်ဖို့ပါဗျ။


အရင်ကရေးထားတာကို ပြန်တင်ပေးလိုက်တာမို့ နောက်မှာ

ကြော်ငြာလေးလိုတစ်ပိုင်းပါနေတာတော့ခွင့်လွှတ်ပါ။


ဒီ Post က အရင်တုန်းက ရေးပေးထားတာပါ။

အခုမိဘတွေ အမေးများလာတာမို့ အချက်အလက်တွေပြန်ပြီးတင်ပေးထားပါတယ်ခမျာ


ထိုင်းမှာကျောင်းထားဖို့စဥ်းစားနေတဲ့မိဘတွေ


အမေးများသောမေးခွန်းများ


(1) ထိုင်းမှာကျောင်းထားသင့်လား


       ငွေကြေးအခြေအနေအရ တတ်နိုင်တယ်ဆိုရင်ထားသင့်ပါတယ်။ ထိုင်းနိုင်ငံဟာ ပညာရေးကိုတဖြည်းဖြည်းအဆင့်မြှင့်တင်လာလိုက်တာ အခြေခံပညာရေးစနစ်မှာရော အဆင့်မြင့်ပညာရေးစနစ်မှာပါ အဆင့်တစ်ခုကို ရောက်ရှိ​နေပြီး နောက်ထပ်လည်းအရှိန်အဟုန်ကောင်းကောင်းနဲ့ဆက်ရွေ့နေပါတယ်။ 


(2) အနိမ့်ဆုံးငွေကြေးဘယ်လောက်သုံးရမလဲ


      ကျနော်ဒီမှာဘတ်နဲ့ပဲပြောပြပေးပါ့မယ်။ကိုယ်တက်မယ့်နှစ်ရဲ့ငွေပေါက်စျေးနဲ့မြှောက်လိုက်ပါ။(လက်ရှိ တစ်ဘတ် = 85 ကျပ်)။ edited အခု လက်ရှိ 99 ဝန်းကျင်


အနိမ့်ဆုံးကလေးကျောင်းစားရိတ်အတွက် ဘတ်တစ်သိန်းကစပါတယ်။အတန်းအလိုက်ကိုယ်ရွေးချယ်တဲ့ကျောင်းအလိုက်မြို့အလိုက်  ကွာပါတယ်။


(3) ကျောင်းတွေကဘယ်နှစ်မျိုးလောက်ရှိမလဲ


ကျောင်းကတော့ အစိုးရကျောင်း Public school,

ပုဂ္ဂလိကကျောင်း Private school, နိုင်ငံတကာကျောင်း International school ဆိုပြီး အကြမ်းဖျင်းရှိပါတယ်။

အဲ့ထဲမှာမှ Private school ကို ထိုင်းဘာသာနဲ့သင်တဲ့သင်ခန်းစာအချို့အစားပေါ်မူတည်ပြီး ကျောင်းတွေထပ်ခွဲလို့ရပါသေးတယ်။


(4) ကလေးအသက်ဘယ်လောက်ကစထားလို့ရလဲ


ကလေးအသက် 2 နှစ်ကစထားလို့ရပါတယ်။

အသက် 18 နှစ်မှာ High School ပြီးတယ်လို့ဖြတ်​ကြပါတယ်။


(5) ကျောင်းထားရင် Visa ရလား


ကျောင်းထားရင်ကလေးက Visa ရပါတယ်။အစိုးရကျောင်းကVisa မပေးပါဘူး။မိဘတစ်ယောက်က ကလေးကိုအုပ်ထိန်းစောင့်ရှောက်ဖို့ မှီခိုVisa ရပါတယ်။


(6) မှီခို Visa ကအလုပ်လုပ်လို့ရလား


အလုပ်လုပ်တဲ့အခါ ကိုယ်လုပ်တဲ့အလုပ်က မှီခို Visa ကနေ Business Visa နဲ့ Workpermit ပြောင်းပေးပါတယ်။အဲ့လိုပြောင်းပေးလိုက်ရင် လုပ်လို့ရပါတယ်။

ဒီတိုင်းဆိုရင်တော့ Freelance အလုပ်တွေလူပ်လို့ရပါတယ်။ဥပမာ online ကနေ စျေးရောင်းတာကနေစလို့ 

Digital marketing, content creator, Work from Home, Freelance projects, စကားပြန် စသည်ဖြင့်ရနိုင်ပါတယ်။

မှီခို Visa ကြီးကိုင်ပြီး ဆိုင်ငွေရှင်းကောင်တာဝင်ထိုင်လုပ်ရတာမျိုးမရပါဘူး။Workpermit မထုတ်ပေးထားတဲ့ Visa အမျိုးအစားမို့ပါ။


(7)နေစားရိတ်ဘယ်လောက်ကုန်လဲ


အကြမ်းဖျင်း နေစားရိတ်က ဘတ်တစ်သောင်းပါ။

ကိုယ်နေတဲ့နေရာပေါ်မူတည်ပါတယ်။

စားစားရိတ်ကတော့ ဘတ်တစ်သောင်းလောက်အကြမ်းဖျင်းကုန်ပါတယ်။မိသားစုအနည်းအများစားသောက်နေထိုင်ပုံအလိုက် အနည်းငယ်ကဲွဲ ပြားနိုင်ပါတယ်။

(အသေးစိတ် post လေးသပ်သပ်ရေးပေးထားပါတယ်ခမျာ)


(8)ဘာစာရွက်စာတမ်းတွေလိုမလဲ

ကိုယ်တက်မယ့်ကျောင်းအလိုက် လိုတဲ့စာရွက်စာတမ်းတွေကွာနိုင်ပါတယ်။အသေးစိတ် Post ရေးထားတာရှိပါတယ်။အကြမ်းဖျင်းကတော့

ကလေးမွေးစာရင်းရယ်

သန်းခေါင်စာရင်းရယ် အဓိကပါ

(ထိုင်းမှာကျောင်းထားရင် ဘာစာရွက်စာတမ်းတွေလိုမလဲ

ခေါင်းစဉ်နဲ့အသေးစိတ်ရေးပေးထားပါတယ်ခမျာ)


(9)Bilingual ကျောင်းဆိုတာဘာလဲ


ကျောင်းသင်ခန်းစာတွေထဲကဘာသာအချို့ရဲ့ သင်ခန်းစာအချို့ကိုထိုင်းလို သင်မယ့်ကျောင်းပါ။

(Bilingual ကျောင်းလေးတွေအကြောင်းဆိုပြီး အသေးစိတ်ရေးပေးထားပါတယ်ခမျာ။)


(10) ထိုင်းနိုင်ငံမှာဘယ်လိုသင်ရိုးတွေရှိလဲ။


သင်ရိုးအစုံနီးပါးရှိတယ်လို့ပြောလို့ရပါတယ်။

US,UK,Canada,Ausi,IB,Thai,Montessori နဲ့

Christan Education စသည်ဖြင့် တော်တော်များများစုံစုံလင်လင်ရှိပါတယ်။

(ကျောင်းတွေတစ်ကျောင်းခြင်းစီအလိုက်တော်တော်များများရေးပေးထားပါတယ်ခမျာ။

Thailand Edu Tips မှာဝင်ဖတ်လို့ရပါတယ်။


(11)ကေ​ျာင်းတွေကိုဘယ်လိုရွေးချယ်ရမလဲ


အဲ့တာကတော့ကျနော်အများကြီးပြောရမှာမို့ဒီနေရာမှာကျော်လိုက်ပါရစေ။တစ်ခါတစ်လေဆိုရင်ကျနော်တို့ Discuss လုပ်နေတာ တစ်ပတ်လောက်ကို ကြာတာမို့ပါ။အသေးစိတ်အချက်အလက်တွေ အများကြီးနဲ့ မိသားစုအလိုက်လိုအပ်ချက်တွေမတူညီတာမို့ပါ။


(12)ကျောင်းထားရင်အပိုကုန်ကျစားရိတ်ရှိလား


အကယ်၍ ကလေးက Eng လိုကောင်းကောင်းမလိုက်နိုင်ရင် ကျောင်းက Engစာအပိုချိန်ယူခိုင်းပါတယ်။

ကျန်တာက တော့ ကလေးက ထပ်တက်ချင်တဲ့ Afterschool program တွေ ရှိရင် သာငွေပေးရတာပါ။

တစ်ခါတစ်လေ Trip fees ကောက်တဲ့ကျောင်းတွေရှိပါတယ်။


(13)ကျောင်းမှာနေ့လည်စာကျွေးလား


ကျောင်းတော်တော်များများကကျွေးပါတယ်။အဲ့အတွက်နေ့လည်စာဖိုးကောက်ပြီးသားပါ။တော်တော်ကောင်းကောင်းကျွေးပါတယ်။ကျနော်ထိုင်းကျောင်းတွေမှာဘယ်လိုကျွေးလဲခေါင်းစဥ်နဲ့အသေးစိတ်ရေးပေးထားပါတယ်။ကျနော့် Page Thailand Edu Tips မှာဝင်ဖတ်လို့ရပါတယ်။


(14)ထိုင်းစကားမတတ်ဘူးကျောင်းတက်လို့ရလား

ထိုင်းစကားမတတ်လဲ ကျောင်းတက်လို့ရပါတယ်။


(15)ကျောင်းကားရှိလား


ကျောင်းအားလုံးနီးပါးမှာ ကျောင်းကား door to door service ရှိပါတယ်။ဒါပေမယ့် အားနည်းချက်က ကျောင်းကားတော်တော်များများက ကျောင်းနဲ့ 5km အတွင်းမှာပဲပြေးဆွဲပါတယ်။ဒီထက်ပိုဝေးရင် ကလေးက ကျောင်းကားပေါ်မှာအချိန်ကုန်တာမျိုးကို ဒီကကျောင်းတွေကမကြိုက်လို့ပါ။


(16)ကျောင်းတွေကဘယ်ချိန်ဖွင့်လဲ


ကျောင်းတွေက Private,Bilingual,Public ကျောင်းတွေအားလုံးက 5 လပိုင်းဖွင့်ပါတယ်။

IS တွေအားလုံးက 8 လပိုင်းဖွင့်ပါတယ်။


(17)ကျောင်းတွေကဘယ်ချိန်ပိတ်လဲ


Private, Bilingual, Public ကျောင်းတွေက 2လပိုင်းလကုန်မှာပိတ်ကြပါတယ်။

IS တွေက June လနောက်ဆုံးပတ်မှာပိတ်ပါတယ်။


(18)summer school တွေထားချင်ရင်

 

summer school တွေကိုဘယ်လိုရွေးမလဲ။ဘယ်ချိန်မှာထားရမလဲ။ဘယ်လိုကျောင်းတွေကဖွင့်ပေးတတ်လဲ။

Summer school မှာဘာတွေသင်လဲ။ဘယ်လောက်ကုန်ကျစားရိတ်မ​ျားလဲ။ Visa ရမှာလားစတဲ့အချက်အလက်တွေအသေးစိတ်ကို

Summer school တွေထားမယ်ဆိုလျှင်ဆိုတဲ့

ခေါင်းစဥ်နဲ့ကျနော့် Page Thailand Edu Tips မှာတင်ထားပေးပါတယ်။


(18)ထိုင်းမှာအထက်တန်းကျောင်းပြီးရင်နိုင်ငံခြားသွားလို့ရလား


နိုင်ငံတကာပညာရေးစနစ်တွေနဲ့ ပြီးသွားတာမို့ထိုင်းနိုင်ငံက တက္ကသိုလ်တွေအပါအဝင် နိုင်ငံတကာက တက္ကသိုလ်တွေကိုတိုက်ရိုက်လျှောက်ထားပြီးတက်လို့ရပါတယ်။

ခြွင်းချက်အနေနဲ့ မြန်မာပြည်ကတက္ကသိုလ်ကိုတော့အခုအချိန်ထိလျှောက်လို့မရသေးပါဘူး။အဆင့်မြင့်ပညာဦးစီးဌာနက နိုင်ငံခြားမှာ အခြေခံပညာပြီးဆုံးထားသူတွေနဲ့ပတ်သက်ပြီး ကျနော်သိသလောက်

စာမထွက်ထားသေးပါဘူး။ဆယ်တန်းနဲ့ဆယ့်နှစ်တန်းကွာဟချက်ရှိနေလို့ပါ။နောက်ပိုင်းတော့မြန်မာပြည်ကဆယ့်နှစ်တန်းပညာရေးကိုပြောင်းလိုက်ပြီမို့ အဲ့အတွက်စာထွက်လာတဲ့အခါမှသာ လျှောက်လို့ရနိုင်ပါတယ်။မြန်မာပြည်ကအစိုးရ တက္ကသိုလ်ပြန်တက်မယ်ဆိုရင်တော့ မြန်မာပြည်ဆယ်တန်းကိုဖြေရပါလိမ့်မယ်။


(20)ထိုင်းကကျောင်းတွေက Scholar ပေးလား


အခြေခံပညာရေး ကျောင်းတွေဖြစ်တဲ့ Private,IS အပါအဝင် University တွေအထိပါ Scholar ပေးကြပါတယ်။ ပုံမှန်ပေးတာတွေရှိသလို။ကျနော်တို့ကျောင်းကိုသွားပြီးမှ interview မှာ ကလေးကိုမေးမြန်းပြီး သဘောကျလို့ပေးတာတွေလည်းရှိပါတယ်။အချက်အလက်တွေတော်တော်များများပေါ်မူတည်ပါတယ်။အထူးသဖြင့်တော့ကလေးပေါ်မူတည်တာပါ။

ကျောင်းကအဲ့လိုပေးဖို့စီစဥ်တဲ့အခါ အချက်အလက်တွေအမျာူကြီးကိုဆွေးနွေးကြရပါတယ်။ရလိုက်ရင်လည်း

မြန်မာငွေကိုသိန်းရာနဲ့ချီပြီး Scholar ရကြပါတယ်။အဲ့အချိန်ကအရမ်းပျော်ဖို့ကောင်းပါတယ်။


(21) Ko Htet တို့ အပ်ပေးတဲ့ကျောင်းသားတွေမှာ Scholar ရဘူးလား


နှစ်တိုင်း ရနေပါတယ်။လူတိုင်းရမယ်လို့တော့ကျနော်အာမခံလို့မရပါဘူး။

လက်ရှိကိုပဲ ရှေ့စာသင်နှစ်(2023-24) အတွက် မြန်မာငွေသိန်းပေါင်းနှစ်ရာ ငါးဆယ်နီးပါး Scholar ရထားတဲ့ကလေးတစ်ယောက်ရှိနေပါပြီ။ထပ်လည်းရမယ်လို့မျှော်လင့်ထားပါတယ်။


အခုလက်ရှိအချိန်ပြန် edit လုပ်ချိန် ၂၀၂၄ မှာတော့ Scholar ရထားတဲ့ကလေးတွေပေါင်းရင် သိန်းပေါင်းလေးထောင်လောက်ရှိပါပြီ။ကလေးမိဘတွေ သက်သာသွားတဲ့ငွေကြေးပမာဏပါ။


(22) Thailand Edu Tips ဆိုတာဘာလဲ


မြန်မာပြည်ကနေထိုင်းနိုင်ငံကို ကျောင်းလာတက်တဲ့မိဘတွေအတွက် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းပါ။

ကျနော်ရေးထားတဲ့ ထိုင်းနိုင်ငံရဲ့ ပညာရေးနဲ့ပတ်သက်တဲ့

အကြောင်းတွေ၊မိဘတွေအတွက် နေထိုင်ရေးနဲ့ပတ်သက်တာတွေ၊ ဆရာဆရာမတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်တာတွေကို လည်း အဲ့ Page မှာကျနော်အခမဲ့ မျှဝေပေးထားပါတယ်။


(23) Thailand Edu Tips ကဘယ်လိုဝန်ဆောင်မှုပေးလဲ

 ဘာတွေပါလဲ။


ကျနော်တို့က Service package နဲ့ဝန်ဆောင်မှုပေးတာပါ။

အဲ့ထဲမှာဘာတွေပါလဲဆိုရင်


***ကလေးရဲ့ ပညာရေးလိုအပ်ချက်၊မိဘတွေရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး ကျောင်းတွေကိုရွေးချယ်ဖို့အသေးစိတ်ဆွေးနွေးပေးတာ။


***ကျောင်းတွေကိုရွေးချယ်ပြီး School Tour/visit တွေသွားတာ


***ကျောင်းမှာ  assessment test ဖြေဆိုဖို့ပြင်ဆင်ပေးတာ


***ကျောင်းအပ်ပေးတာ။ငွေသွင်းပေးတာ။


***ဘဏ်အကောင့်ဖွင့်ပေးတာ။


***ေနထိုင်ဖို့အိမ်ဌားပေးတာ။


***ကလေးအတွက် Visa လျှောက်ပေးတာ။


***မိဘအတွက် Guardian Visa လျှောက်ပေးတာ။


***အခြားလိုအပ်တဲ့စာရွက်စာတမ်းတွေပြင်ဆင်ပေးတာ။


တွေပါပါမယ်။ 

(Package အသေးစိတ်ကိုကျနော့် Page မှာရေးပြီး

Pin post လုပ်ပေးထားပါတယ်။)


ဒါက အမေးများတဲ့မေးခွန်းလေးတွေကိုမှတ်မိသလောက်စုပေးထားတာပါခမျာ။


အကယ်၍ ထပ်သိချင်တာရှိရင် ကျနော့်အကောင့်ကဖြစ်ဖြစ် Page ကဖြစ်ဖြစ်

Viber ကဖြစ်ဖြစ် မေးထားလို့ရပါတယ်ခမျာ။

ကျနော်ပြန်ဖြေပေးထားပါ့မယ်။


ထိုင်းမှာကျောင်းထားဖို့စဥ်းစားရင် ဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ခမျာ။


Ko Htet

Thailand Edu Tips

Viber(+959795503658)

Thai ph(0953279892)

Comments

Popular posts from this blog

Grade 10 Chemistry Lessons

Grade 10 physics

Grade 10 Math Chapter 5 to 9