Grade 10 Myanmar ဓမ္မဓိ၎ာန်
ဒသမတန်းမြန်မာစာ
ပြဋ္ဌာန်းစာအုပ်ပါ စကားပြေနှင့် ကဗျာရွေးချယ်ချက်များမှ ဓမ္မဓိဋ္ဌာန်မေးခွန်းများအတွက် ကျက်မှတ်ရန် လင်္ကာတိုများ။
ဒသမတန်းမြန်မာစာ‘စကားပြေ’
၁။ ယောမင်းစိတ်ဓာတ် ကိုလိုနီ
မှော်ဘီဆရာသိန်း ရေးပါသည်
ထုပ္ပတ် စာစီ အမျိုးအစား
လွှတ်တော်ဝန်ကြီး မှူးကြီးများ။
မောင်ဖိုးသိန်း ကား ငယ်နာမည်
မှော်ဘီ မင်းရွာ မွေးဖွားပြီ
ငယ်စဉ်ကသည် သူနွမ်းပါး
သုတအိုးကြီး လို့ ထင်ရှား။
၂။ ဝီရိယ နှစ်မျိုး ကိုလိုနီ
သုတဆောင်းပါး မှတ်ကြမည်
နီတိမဉ္ဇရီ ကောက်နုတ်ပြီး
လယ်တီပဏ္ဍိ ဦးမောင်ကြီး။
တစ်ရှစ်ခွန်ကိုး (၁၈၇၉) ဖွားလို့မြင်
မုံရွာ ချောင်းဦး ညောင်ဖြူပင်
မောင်သန့်စင်ဟာ ငယ်မည်ကွဲ့
ထွင်ခဲ့ မြန်မာ ရှစ်လုံးဘွဲ့။
ဂုဏ်ထူးဆောင်တဲ့ မဟာဝိဇ္ဇာ
ရန်ကုန်တက္ကသိုလ် ချီးမြှင့်တာ
ထေရီ ထေရာ ဝတ္ထု နဲ့
ကျမ်း ငါးရာ ကျော် သူရေးခဲ့။
၃။ စာဖတ်ခြင်းလေ့ ကိုလိုနီ
ဇေယျ ရေးပါသည်
သုတ ဆောင်း မည် ထုတ်နုတ် ခိုင်း
သူကြီးဂေဇက် ခေါင်းကြီးပိုင်း။
ဇီးကုန်းမြို့ ဝိုင်း ဖွားကာမြင်
မည်ရင်း ဦးယော မှတ်စေချင်
ကျော်စောထင်သည် စာအုပ်များ
မြန်မာ့မျက်ပွင့် ဗျား။
၄။ ယောက်ျားအမှန် ကိုလို ဟာ
ပီမိုးနင်း ရေးတာ
ဝတ္ထုပဒေသာ အမှတ် တစ်
ကောက်နုတ်စာအုပ်ဖြစ်။
ငယ်မည် ကျော်ညွန့် မိုးနှင်း ပင်
ဖွားမြင် သုံးဆယ် တွင်
ကလောင်ရှင်မှာ အသီးသီး
မောင်ကျော် ပိုက်ဆံကြီး။
၅။ ဗိုလ်ချုပ်အောင်ဆန်း ပညာမြင်
ကိုလိုနီခေတ် ပင်
ငယ်မည်ခေါ်တွင် ထိန်လင်းတဲ့
နတ်မောက် ဇာတိကွဲ့။
တစ်ကိုတစ်ငါး (၁၉၁၅) မွေးဖွားမြင်
ဦးဖာ ဒေါ်စု သားထွေးပင်
ကောက်နုတ်ယူငင် ရွေးချယ်ဘိ
ကိုယ်တိုင်ရေးတဲ့ ထုပ္ပတ္တိ။
၆။ အိမ်သူသားကောင်း ကိုလိုနီ
သုတဆောင်းပါး မှတ်ကြမည်
ဦးထွန်းအောင်သည် ရေးသူတဲ့
လက်ထောက် ပညာမင်းကြီးကွဲ့။
ဦးလူဘေ နဲ့ မယ်အောင် ဟာ
သူ့မိဘတွေပါ
ကောက်နုတ်လာသည် စာအုပ်က
ပညာ အခြေခံ သဘာဝ။
၇။ ပြည်သူပြည်သား ရဲ့ တာဝန်
ရေးသူ ဒေါ်သန်းတင်
တောင်ငူတွင် သူမွေးဖွား
ဦးမောင်ကြီးနဲ့ ကြင်တင်ဗျား။
သုတဆောင်းပါး အိမ်ထောင်ပြိုင်
တက္ကသိုလ်ဆုမြိုင်
ကောက်နုတ်ပိုင်ပိုင် ရွေးစီထုတ်
ဘဝရတနာ စာအုပ်။
၈။ လှိုင်ထိပ်ခေါင်တင် အကြောင်းဟာ
အတ္ထုပ္ပတ္တိ ပါ
လွတ်လပ်ခေတ်မှာ သူရေးခဲ့
ဦးမြင့်ကြည် ခေါ်ရဲ့။
ဦးဘိုးချစ် နဲ့ ဒေါ်သန်း ရယ်
သူ့မိဘတွေ ကွယ်
မွေးဖွားပါတယ် မှတ်သိရက်
တစ်ထောင်ကိုးရာ သုံးဆယ့်တစ် (၁၉၃၁)။
၉။ အိုးစည်သံ လွတ်လပ်ရေး
မင်းသုဝဏ် ကရေး။
ရသပေးတဲ့ စာတမ်းပါ
ကွမ်းခြံကုန်း မွေးတာ
မိဘ မှာ မှတ်သားဘိ
ဦးလွန်းပင်နဲ့ ဒေါ်ဒေါ်မိ။
ထောင့်ကိုးရာ့ကိုး(၁၉၀၉) မွေးဖွားပြီ
မောင်ဝန် သူ့အမည်
ကောက်နုတ်ပါသည် သိကြစမ်း
ကံ့ကော်မြိုင်စာတမ်း။
၁၀။ ဝတ္ထုတို လူ့မနော စာကိုစီ
လွတ်လပ်ခေတ်မှာ ရေးပါသည်
မြေမဟီဝယ် ဤလောက
ကောက်နုတ်ပါတယ်ဗျ။
သော်တာဆွေက ရေးခဲ့တာ
ပေါင်းတည် ကြို့ပင် ရွာ
ဖိုးဆယ် ဘပါ လှရင် တဲ့
ကျင်မောင် ကြင်ဆွေ မည်ရင်းကွဲ့။
ဝင်းဌေး(မြန်မာစာ)
ဒသမတန်း မြန်မာစာ
ပြဋ္ဌာန်းစာအုပ်ပါ စကားပြေနှင့် ကဗျာရွေးချယ်ချက်များမှ ဓမ္မဓိဋ္ဌာန်မေးခွန်းများအတွက် ကျက်မှတ်ရန် လင်္ကာတိုများ။
ဒသမတန်းမြန်မာစာကဗျာ
၁။ သီကုံးပန်းသွင် နေ့တိုင်းဆင်
အင်းဝခေတ် ပေါ်တွင်
စာဆိုအရှင် ရဋ္ဌသာရ
ဧကပိုဒ်ရတု မှတ်ပါကြ။
ငယ်မည်ကတော့ မောင်မောက်ပါ
မွေးဖွား အင်းဝမှာ
ပျို့ကဗျာ အင်းဝ ခေတ်
သူ ဦးဆောင် ဦးရွက်။
၂။ နှမထွေး မယ့်ကိုလို
ရာပြည့် အိုင်ချင်းကို
ရှင်ငြိမ်းမယ်ဆို တောင်တွင်းက
စာဆို မှတ်သိကြ။
ညောင်ရမ်းခေတ်က ရေးသားဆို
သံအိုင် သံမြိုင် ဖွဲ့ပေကို
မြောက်လက် ရွှေဘို နယ်မှာကွဲ့
ကောက်စိုက်အိုင် ခေါ်ရဲ့။
ထောင့်တစ်ရာ တဲ့ ပေါ်ပေါက်ရင်
ရာပြည့်အိုင် လို့တွင်
နန်းတွင်းလျှင် ရတု တေးထပ်
အိုင်ချင်း အဲချင်း ကျေးလက်ပျံ့။
၃။ ဝသန်ကာလ မိုးကကျ
ညောင်ရမ်းခေတ် ကာလ။
ဝန်ကြီး ပါဗျ ပဒေသရာဇာ
တျာချင်း ကဗျာ
ထံတျာတေရှင် လူသိများ
ပုစဉ်းတောင်သံကြိုး သူဖွဲ့ထား။
၄။ လက်ဆောင် လေးဆစ် ကုန်းဘောင် မှာ
မယ်ခွေ ရေးခဲ့တာ
အစ်မရင်းဟာ မယ်ကေတဲ့
ခင်ပွန်း မောင်စွက် အမွေဝန်ကွဲ့။
၅။ ဗုံတော်သား ခေတ် ကုန်းဘောင်ဟန်
ကောက်စိုက် ဗုံကြီးသံ
လယ်ကွင်းထဲ အမှန် ပေါ်ပုံထူး
ကုန်းဘောင်ရဲ့ ခေတ်ဦး။
သီကျူးကြပေါ့ သူတို့ကိုယ်တိုင်
လယ်သမားဘဝ ထင်ဟပ်နိုင်
လင်းကွင်း ကိုင်ကာ တီးသူက
ဗုံမင်းသား တဲ့ဗျ။
အလှူပွဲနှင့် ကိုးကွယ်ရာ
ဘာသာရေးပွဲ တီးမှုတ်တာ
ယနေ့အခါ ရွှေဘိုမြောက်
ကြားနေရဆဲ ဗုံသံ ကောက်။
၆။ အင်းလယ်ကြာပန်း တိုက်တေးဟာ
ကုန်းနှောင်း နီဦး ထွက်ပေါ်လာ
ရွေးချယ်တာ မှတ်လို့ထား
အင်းလေးတိုက်တေး ကဗျာများ။
စုဆောင်းသူကား မောင်တင်မြိုင်
(အင်းလေး)သား သိနိုင်
မောင်မယ် မျက်ဆိုင် ရွတ်ဆိုကြ
တိုက်တေး ချိုးတေး ခေါ်သဗျ။
မယ်လေးတို့က အိမ်ပေါ်တွင်
မောင်တို့ လှေထက် နေရာပြင်
ကန်ရေပြင်တွင် နားဆင်ကြ
တေးမချိုးက အရှုံးဗျ။
၇။ ပတ္တမြား လေးဆစ် ကိုလိုနီ
မန်လည်ဆရာတော် ရေးဖွဲ့ သီ
ငယ်မည် မောင်မာ ခေါ်တွင်ခဲ့
ဇဝန တဲ့ ရဟန်းဘွဲ့။
လောကီ နဲ့ ကုတ် စုံလင်စွာ
မဃ ဒေဝ သစ် လင်္ကာ
ပတ္တမြား ကဗျာ မူရင်းမှတ်
မဏိသုကရ ဇာတ်။
၈။ လှိုင်းကကလေးက လေးချိုးပင်
ကိုလိုနီ ခေတ်တွင်
အမှန်ပင် ရေးသူက
ဆရာဇော်ဂျီ မှတ်ထားကြ။
ဖျာပုံမြို့က မွေးဖွား ရာ
မည်ရင်း သိန်းဟန် ပါ
ခေတ်စမ်းစာ ဦးဆောင်သွား
ရှေးခေတ်ပုဂံ ကဗျာများ။
၉။ သပြေညိုတဲ့ လေးချိုးမှာ
ကိုလိုနီ ခေတ်ပါ
မင်းသုဝဏ် ဟာ ရေးသူကွဲ့
ခေတ်စမ်းစာပေ ဦးဆောင်ခဲ့။
ထူးခြားပါတဲ့ ရေး ကဗျာ
တစ်ကိုးသုံးရှစ်(၁၉၃၈) (၄)၊ ဇန်နဝါ
ဆယ်နှစ်ပြည့်ကာ တင်းတင်းတဲ့
လွတ်လပ်ရေးရခဲ့။
၁၀။ လွမ်းပြေစာစောင် လေးချိုးဟာ
လွတ်လပ်ရေး ခေတ်ပါ
တင်မိုး ဟာ ရေးသူကွဲ့
မြင်းခြံ တောင်သာ ကန်မြဲတဲ့။
အမည်ရင်းမှည့် ဘဂျမ်း ကွယ်
ဦးဘအို နဲ့ ဒေါ်စံထယ်
ဆယ်တန်းအောင်တယ် မြန်မာ ထူး
မျိုးသားစာပေ မနီ ခူး။
ဝင်းဌေး(မြန်မာစာ)
Comments
Post a Comment