Grade 11 Myanmar ဓမ္မဓိ၎ာန်
ဧကာဒသမတန်း မြန်မာစာ
ပြဋ္ဌာန်းစာအုပ်ပါ စကားပြေနှင့် ကဗျာရွေးချယ်ချက်များမှ ဓမ္မဓိဋ္ဌာန်မေးခွန်းများအတွက် ကျက်မှတ်ရန် လင်္ကာတိုများ။
ဧကာဒသမတန်းမြန်မာစာ စကားပြေ
၁။ သိင်္ဃသူ့သမီး ပုဂံခေတ်
ကျောက်စာ စကားပြေ ဖြစ်။
ခြောက်နှစ်ရှစ်(၆၂၈) မှာ ရေးထိုးတာ
အလှူမှတ်တမ်းပါ
ပုံအမှတ်ဟာ နှစ်တစ်ခြောက်(၂၁၆)
မြန်မာတိုင်းရင်းကျောက်စာ ကောက်။
၂။ ပတ္တမြား ပြဿနာ ကုန်းဘောင်ဟာ
ဇာတ်ကြီး ဝတ္ထုပါ
မင်းဘူးဩဘာ ရေးစီထုတ်
မဟောသဓာ နုတ်။
၃။ ဝဇီကိုင် ဝတ္ထု ကိုလိုနီ
ကုသ ရေးပါသည်
ငယ်မည် တိုးအောင် ခေါ်တွင်ခဲ့
မွေးရာ သထုံ သိမ်ဆိပ် ကွဲ့။
၄။ မျိုးချစ် အောင်မောင်း မျက်မှောက်ဟာ
အတ္ထုပ္ပတ္တိ ပါ
ဦးအောင်သောင်းမှာ ရေးသူကွဲ့
တောင်သာ မီးပေါက် မွေးဖွားခဲ့။
၅။ အလုပ် ဆောင်းပါး ကိုလိုနီ
ပီမိုးနင်း ရေးသည်
ဇာတာအမည် မောင်ကျော်ညွန့်
မိုးနှင်း ခေါ်သရှင့်။
ဦးဆုံး ဆိုလင့် ရုပ်ရှင်ဟာ
မေတ္တာနှင့် သူရာ
ဇာတ်ညွှန်းဆရာ သူလုပ်ခဲ့
မြန်မာပြည်မှာ ဦးဆုံးကွဲ့။
၆။ ဆားဒယ် ရသ လွတ်လပ်တွင်
တက္ကသိုလ် ဝင်းမွန်
ပဲခူး၊ သနပ်ပင်၊ ရစ်ကန်ကြီး
မွေးဖွားဒေသ မှတ်ကြပြီး။
မည်ရင်းတစ်သီး ဝင်းမွန် ပါ
သန်းကြည် မိခင် ဗျာ
အောင်သန်းခင် ဟာ ဖခင် ကွဲ့
နှစ်ငါး၊ တိုးမြင့်၊ ဝင်းဆွေ တဲ့။
၇။ လူတစ်ထွေ ရေတစ်ခြား
ရသစာတမ်းဗျား။
ရေးသူများတော့ မှတ်စေချင်
ဆရာ မင်းသုဝဏ်
ကွမ်းခြံကုန်းတွင် မွေးပါဘိ
ဦးလွန်ပင် နဲ့ ဒေါ်ဒေါ်မိ။
ခေတ်စမ်းစာ သိ ဦးဆောင်တင်
ငယ်မည် မောင်လှဝံ
အမည်ရင်း တွင် ဦးဝန် ကွဲ့
သီရိပျံချီ၊ ကျော်ထင်ဘွဲ့။
၈။ ကျွန်ုပ်နိုင်ငံတော် လွတ်လပ်ခြင်း
ဆရာ ပျဉ်းမနား မောင်နီသင်း။
ဆောင်းပါး ဆိုရင်း ဂုဏ်ထူးဆောင်
မြန်မာစာစီ ကုံးလို့နှောင်
သိရလွယ်အောင် လေ့လာထား
အခြားစာတမ်းများ။
မိဘနှစ်ပါး မှတ်ဖို့ပြင်
ဦးသာအုံး နဲ့ ဒေါ်စောရှင်
ပျဉ်းမနားတွင် သူ မွေးဖွား
ဦးတင်ဝင်း က မည်ရင်းဗျား။
ဝင်းဌေး(မြန်မာစာ)
Comments
Post a Comment