Grade 12 Myanmar မေးခွန်းပုံစံ ရှင်းလင်းချက်
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု မြန်မာစာဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ
(လိုရင်းတိုရှင်း အနှစ်ချုပ်ရေးပေးထားပါတယ်။)
ဒေါက်တာလွင်မာဦး ပါမောက္ခ (ဌာနမှူး) မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်
ပြဋ္ဌာန်းစာ
Grade 12 မြန်မာစာ ပြဋ္ဌာန်းစာအုပ်မှာ အပြောသင်ခန်းစာ၊ အဖတ်အရွတ်သင်ခန်းစာ၊ အရေးသင်ခန်းစာ ဆိုပြီး အပိုင်း (၃) ပိုင်း ပါဝင်ပါတယ်။
မေးခွန်းဖွဲ့စည်းမှု
မြန်မာစာမေးခွန်းမှာ မေးခွန်းကြီး (၇) ပုဒ် ပါဝင်ပါတယ်။
၁။ ဓမ္မဓိဋ္ဌာန် မေးခွန်းကြီး
၂။ မေးခွန်းတိုတွေ ပါတဲ့ မေးခွန်းကြီး
၃။ ကဗျာ မေးခွန်းရှည်ကြီး
၄။ စကားပြေ မေးခွန်းရှည်ကြီး
၅။ ရေသည်ပြဇာတ် မေးခွန်းရှည်ကြီး
၆။ စာစီစာကုံး မေးခွန်းကြီး
၇။ အဆိုဆွေးနွေးချက် ပါဝင်တဲ့ မေးခွန်းကြီး
တချို့မေးခွန်းတွေမှာ ရွေးချယ်စရာ မေးခွန်းငယ်တွေလည်း ပါပါတယ်။
မေးခွန်းနံပါတ် (၁) ရှင်းလင်းချက်
ဓမ္မဓိဋ္ဌာန်မေးခွန်း ဖြစ်ပါတယ်။
အပြောသင်ခန်းစာများ၊ အဖတ်အရွတ်သင်ခန်းစာများ၊ အရေးသင်ခန်းစာများထဲက ပါဝင်ပါတယ်။
ကျောင်းသား ကျောင်းသူများက အပိုင်းတစ်ပိုင်းကို ချန်လှပ်ကျက်မှတ်ခြင်းမျိုး မပြုဘဲ သုံးပိုင်းလုံးကို လေ့လာထားရပါမယ်။
သင်ခန်းစာကို ကျောင်းသား ကျောင်းသူတွေ အမှန်တကယ် နားလည်သဘောပေါက်ခြင်း ကြေညက်ခြင်း ရှိမရှိ ဆန်းစစ်ကြည့်နိုင်တဲ့ မေးခွန်းမျိုး ဖြစ်ပါတယ်။ အမှန်တကယ် နားလည်သဘောပေါက်ပြီး ကြေညက်နေရင် အမှတ်ပြည့် ရနိုင်ပါတယ်။
ပုဒ်ခွဲ (က)၊ ပုဒ်ခွဲ (ခ) နဲ့ ပုဒ်ခွဲ (ဂ) ဆိုပြီး အပိုင်း (၃) ပိုင်း ပါဝင်ပါတယ်။
မေးခွန်း ၁ (က) မှာ မှားမှန်ရောထွေး အမှန်ရွေးတဲ့ မေးခွန်းကို မေးထားပါတယ်။ ပေးမှတ် (၁၀) မှတ် ဖြစ်ပါတယ်။ တိတိကျကျ ဖြေဆိုနိုင်ရင် အမှတ်ပြည့် ရနိုင်ပါတယ်။
နမူနာ
၁။ (က) အောက်ပါတို့ကို မှားလျှင် (မှား)၊ မှန်လျှင် (မှန်) ဟု ဖြေဆိုပါ။ (၁၀ မှတ်)
(၁) အသံအနိမ့်အမြင့်နှင့် ဝါကျနိမ့်မြင့်သံများသည် ထိထိရောက်ရောက် စကားပြောဆိုရာတွင် အရေးပါလှသည့် သဘောတရားများအနက်မှ ၂ ခု ဖြစ်သည်။
မေးခွန်း ၁ (ခ) မှာ ကွက်လပ်ဖြည့် မေးခွန်းကို မေးထားပါတယ်။ ပေးမှတ် (၁၀) မှတ် ဖြစ်ပါတယ်။ တိတိကျကျ ဖြေဆိုနိုင်ရင် အမှတ်ပြည့် ရနိုင်ပါတယ်။
နမူနာ
၁။ (ခ) အောက်ပါတို့ကို ကွက်လပ်ဖြည့်ပါ။ (၁၀ မှတ်)
(၁) ခေတ်စကားပြေကို ------- ခေတ်တွင် ရေးခဲ့သည်။
မေးခွန်း ၁ (ဂ) မှာ ရွေးချယ်စရာ သုံးခု ပေးထားပြီး အမှန်တစ်ခု ရွေးချယ်ရတဲ့ မေးခွန်းကို မေးထားပါတယ်။ ပေးမှတ် (၁၀) မှတ် ဖြစ်ပါတယ်။ တိတိကျကျ ဖြေဆိုနိုင်ရင် အမှတ်ပြည့် ရနိုင်ပါတယ်။
နမူနာ
၁။ (ဂ) အောက်ပါတို့မှ အဖြေမှန်ကို ရွေးပါ။ (၁၀ မှတ်)
(၁) ရေးဟန်၏ သွင်ပြင် ------- ရှိသည်။
(က) သုံးရပ် (ခ) ငါးရပ် (ဂ) ခြောက်ရပ်
မေးခွန်းနံပါတ် (၂) ရှင်းလင်းချက်
မေးခွန်းပုဒ်ခွဲ လေးပုဒ် ပါဝင်ပါတယ်။
၁။ ခက်ဆစ်မေးခွန်း
၂။ အလင်္ကာမေးခွန်း
၃။ ရေသည်ပြဇာတ်စကားစပ်မေးခွန်း
၄။ အပြောသင်ခန်းစာမေးခွန်းတို
မေးခွန်းနံပါတ် ၂ (က) ဟာ ကဗျာ၊ စကားပြေ၊ ရေသည်ပြဇာတ် အပုဒ်များမှ ဝေါဟာရများကို ခက်ဆစ်အဓိပ္ပါယ် ဖွင့်ဆိုစေခြင်း ဖြစ်ပါတယ်။ ပြဋ္ဌာန်းစာမှာ ဝေါဟာရကို ဘယ်လိုအဓိပ္ပါယ်နဲ့ သုံးထားလဲဆိုတာ သိစေလိုတဲ့အတွက် ဒီခက်ဆစ်တွေက မေးတာ ဖြစ်ပါတယ်။ ဝေါဟာရ (၇) ခု ပေးထားပြီး (၅) ခု ဖြေဆိုပါမယ်။ ပေးမှတ် (၅) မှတ် ဖြစ်ပါတယ်။ တိတိကျကျ ဖြေဆိုနိုင်ရင် အမှတ်ပြည့် ရနိုင်ပါတယ်။
နမူနာ
၂။ အောက်ပါတို့ကို ဖြေဆိုပါ။ (၂၀ မှတ်)
(က) အောက်ပါဝေါဟာရတို့အနက် ငါးခု၏ အဓိပ္ပါယ်ကို တိကျစွာ ဖြေဆိုပါ။
စွန့်ကြဲ၊ အဆောတလျင်၊ စေ့စုံ၊ ကျီ၊ ကြိမ်၊ ရဝေ၊ ဘုန်းဟေ့။
မြန်မာဝေါဟာရရဲ့ အဓိပ္ပါယ်ဟာ အသုံးပြုပုံကို လိုက်ပြီး အဓိပ္ပါယ် ကွဲပြားတတ်တဲ့အတွက် ခက်ဆစ်မေးခွန်းတွေကို ဖြေဆိုရာမှာ ပြဋ္ဌာန်းစာအုပ်ပါ အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း တိတိကျကျ ဖွင့်ဆိုပေးဖို့ လိုပါတယ်။ ပေးထားတဲ့ ဝေါဟာရရဲ့ သဒ္ဒါအမျိုးအစားနဲ့ အဓိပ္ပါယ် ဖွင့်ဆိုထားတဲ့ သဒ္ဒါအမျိုးအစား ကိုက်ညီဖို့ လိုအပ်ပါတယ်။
ပေးထားတဲ့ ဝေါဟာရဟာ နာမ် ဖြစ်ရင် အနက်ဖွင့်ဆိုရှင်းလင်းချက်ဟာ နာမ် ဖြစ်ရပါမယ်။
(သာဓက - ကျီ = စပါး၊ ပဲ စသည် သိုလှောင်ရာ အဆောက်အအုံ။)
ပေးထားတဲ့ ဝေါဟာရဟာ ကြိယာ ဖြစ်ရင် အနက်ဖွင့်ဆိုရှင်းလင်းချက်ဟာ ကြိယာ ဖြစ်ရပါမယ်။
(သာဓက - စွန့်ကြဲ = လှူသည်။ ပေးကမ်းသည်။)
ပေးထားတဲ့ ဝေါဟာရဟာ နာမဝိသေသန ဖြစ်ရင် အနက်ဖွင့်ဆိုရှင်းလင်းချက်ဟာ နာမဝိသေသန ဖြစ်ရပါမယ်။
(သာဓက - ဘုန်းဟေ့ = ဘုန်းရှိသော။)
ခက်ဆစ်ဖွင့်ဆိုချက်တွေမှာ တစ်ချောင်းပုဒ် ခံထားရင် အဓိပ္ပါယ် မပြည့်စုံသေးတဲ့အတွက် ဆက်လက်ဖော်ပြပေးဖို့ လိုပါတယ်။
(သာဓက - စေ့စုံ = ပြည့်ပြည့်စုံစုံ၊ တိတိကျကျ၊ အကြောင်းစုံ။)
ပုဒ်မ ခံထားတဲ့ ဖွင့်ဆိုချက် ဖြစ်ရင် တစ်ခုကို ဖော်ပြရင် အများအားဖြင့် လုံလောက်ပါတယ်။
မေးခွန်းနံပါတ်၂ (ခ) ဟာ ပေးထားတဲ့ စကားအသုံးအနှုန်းများကို ဘာအလင်္ကာမြောက်တယ် ဆိုတာ ရှင်းပြရတဲ့ အလင်္ကာ မေးခွန်း ဖြစ်ပါတယ်။ ဖြေဆိုရမှာ မိမိအမှန်တကယ် နားလည်သလို ဖြေဆိုနိုင်ပြီး အဲဒီအဖြေပေါ်မှာ အကဲဖြတ် အမှတ်ပေးမှာ ဖြစ်ပါတယ်။ ကိုယ်နားလည်တဲ့ အလင်္ကာသဘောကို မှန်မှန်ကန်ကန် ဖြေဆိုနိုင်ရင် အမှတ်ပြည့် ရနိုင်ပါတယ်။ အလင်္ကာ (၇) ခု ပေးထားပြီး (၅) ခု ဖြေဆိုပါမယ်။ ပေးမှတ် (၅) မှတ် ဖြစ်ပါတယ်။ တိတိကျကျ ဖြေဆိုနိုင်ရင် အမှတ်ပြည့် ရနိုင်ပါတယ်။
နမူနာ
၂။ (ခ) အောက်ပါတို့အနက် ငါးခုကို ရွေးချယ်ပြီး မည်သည့်အလင်္ကာမြောက်ကြောင်း ရှင်းပြပါ။
စိန်ပွင့်အုံး၊ ကိစ္စတုံး၊ မာန်စွယ်၊ ဖြုတ်မျက်လုံးလောက်၊ တကြုတ်ကြုတ်၊ ကျတ်တွင်းရေသို့၊ ကြာညွတ်ဖယောင်း နေရှိန်ပြောင်းသို့။
အဖြေ - စိန်ပွင့်အုံး = စိန်ပွင့်စိန်ပန်း စီခြယ်ထားသည့် ခေါင်းအုံး (မှီအုံး) ဟု တိုက်ရိုက် မရေးဘဲ စိန်ပွင့်အုံးဟု သွယ်ဝိုက် ရေးဖွဲ့ထားသောကြောင့် ဝင်္ကဝုတ္တိအလင်္ကာ မြောက်ပါသည်။
မေးခွန်းနံပါတ်၂ (ဂ) ဟာ ရေသည်ပြဇာတ် စကားစပ်မေးခွန်း ဖြစ်ပါတယ်။ ပေးထားတဲ့ စကားစပ် ပါဝင်တဲ့ အခန်းနဲ့ စကားစပ်ဆိုင်ရာ အချက် (၅) ချက် (ဘယ်သူက၊ ဘယ်သူ့ကို၊ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်အတွက်ကြောင့်) အတွက် (၃) မှတ်၊ ဘာကိုပြောတယ်ဆိုတဲ့ ဆိုလိုရင်းကို ရှင်းလင်းရေးသားပြောဆိုခြင်းအတွက် (၂) မှတ် စုစုပေါင်း (၅) မှတ် ဖြစ်ပါတယ်။ လိုရင်းတိုရှင်း ဖြေဆိုသင့်ပါတယ်။ အခန်းနံပါတ်ကိုသာ ဖော်ပြခြင်းထက် အခန်းအမည်ကိုပါ ယှဥ်တွဲဖော်ပြသင့်ပါတယ်။ တိတ်ကျကျ ဖြေဆိုနိုင်ရင် အမှတ်ပြည့် ရနိုင်ပါတယ်။
နမူနာ
၂။ (ဂ) တရားမထောက်၊ ပျက်ချော်ယွင်းပါး၊ စင်းလုံးချွတ်ကြံမိငြားလျှင်၊ မှားလို့သာ မှောက်ကရော့မယ်၊ စိတ်နောက်ကိုယ်ပါ၊ မပြုသာ၊ တိုင်းထွာဦးမှ ကောင်းမလေ။
မေးခွန်းနံပါတ် ၂။ (ဃ) ဟာ အပြောသင်ခန်းစာ မေးခွန်းတို ဖြစ်ပါတယ်။ အပြောသင်ခန်းစာရဲ့ အခန်းသုံးခန်းထဲက အကြောင်းအရာတစ်ခုခုကို ပေးပါမယ်။ လိုရင်းတိုရှင်း ဖြေဆိုသင့်ပါတယ်။ ပေးမှတ် (၅) မှတ် ဖြစ်ပါတယ်။ တိတိကျကျ ဖြေဆိုနိုင်ရင် အမှတ်ပြည့် ရနိုင်ပါတယ်။
နမူနာ
၂။ (ဃ) စကားပြောခြင်းဆိုင်ရာ နည်းပရိယာယ်များထဲမှ ပေါင်းဖွဲ့စည်းလုံးမှု နည်းပရိယာယ်အကြောင်း ရှင်းပြပါ။
မေးခွန်းနံပါတ် (၃) ရှင်းလင်းချက်
မေးခွန်းနံပါတ် (၃) ဟာ အဖတ်အရွတ်သင်ခန်းစာ ကဗျာ (၈) ပုဒ်ထဲက တစ်ပုဒ်ကို ရွေးချယ်မေးမြန်းတဲ့ ကဗျာမေးခွန်းရှည် ဖြစ်ပါတယ်။ ဒီမေးခွန်းကို စစ်ဆေးအကဲဖြတ်ရာမှာ ကျောင်းသား ကျောင်းသူတွေရဲ့ လေ့လာကျက်မှန်မှုအတွက် ပေးမှတ် (၅) မှတ်၊ ကိုယ်ပိုင်အရေးအသား တင်ပြမှုစွမ်းရည်နဲ့အတူ မေးခွန်းကို အံဝင်ခွင်ကျ ဖြစ်အောင် တင်ပြနိုင်မှုအတွက် ပေးမှတ် (၅) မှတ် - ပေါင်း ပေးမှတ် (၁၀) မှတ် ဖြစ်ပါတယ်။ မေးခွန်းရဲ့ ရှုထောင့်အတိုင်း ဖြေဆိုရပါမယ်။ ကဗျာကို စကားပြေ ပြန်ရေးရင် အချက်အလက်အားလုံး ပါပေမယ့် မေးခွန်းရဲ့ ရှုထောင့်နဲ့ မကိုက်ညီရင် (၅) မှတ်အောက်သာ ရပါမယ်။ မေးခွန်းရဲ့ ရှုထောင့်နဲ့ အာဘော်ကို သေသေချာချာ ဖတ်ရှုပြီး ကိုယ်ပိုင်အရေးအသား အတင်အပြဖြင့် ဖြေဆိုရပါမယ်။
နမူနာ
၃။ ဩဝါဒထူးပျို့ကဗျာမှ အရေးအဖွဲ့ကောင်းများကို လေ့လာတင်ပြပါ။ (၁၀ မှတ်)
မေးခွန်းနံပါတ် (၄) ရှင်းလင်းချက်
မေးခွန်းနံပါတ် (၄) ဟာ အဖတ်အရွတ်သင်ခန်းစာ စကားပြေ (၈) ပုဒ်ထဲက တစ်ပုဒ်ကို ရွေးချယ်မေးမြန်းတဲ့ စကားပြေမေးခွန်းရှည် ဖြစ်ပါတယ်။ ဒီမေးခွန်းကို စစ်ဆေးအကဲဖြတ်ရာမှာ ကျောင်းသား ကျောင်းသူတွေရဲ့ လေ့လာကျက်မှန်မှုအတွက် ပေးမှတ် (၅) မှတ်၊ ကိုယ်ပိုင်အရေးအသား တင်ပြမှုစွမ်းရည်နဲ့အတူ မေးခွန်းကို အံဝင်ခွင်ကျ ဖြစ်အောင် တင်ပြနိုင်မှုအတွက် ပေးမှတ် (၅) မှတ် - ပေါင်း ပေးမှတ် (၁၀) မှတ် ဖြစ်ပါတယ်။ မေးခွန်းရဲ့ ရှုထောင့်အတိုင်း ဖြေဆိုရပါမယ်။ မေးခွန်းရဲ့ ရှုထောင့်ကို သတိမထားမိဘဲ ကိုယ်ကျက်ထားတဲ့ အပုဒ်နဲ့ ခေါင်းစဥ်တူလို့ အချက်အလက်တွေချည်း ရေးထားရင် (၅) မှတ်အောက်သာ ရပါမယ်။
နမူနာ
၄။ စာဘူးတောင်းဆောင်းပါးစကားပြေမှ ဗဟုသုတများကို ဝေဖန်ဆန်းစစ်ပါ။ (၁၀ မှတ်)
မေးခွန်းနံပါတ် (၅)
မေးခွန်းနံပါတ် (၅) ဟာ အဖတ်အရွတ်သင်ခန်းစာ ရေသည်ပြဇာတ်ထဲက အကြောင်းအရာ သို့မဟုတ် အရေးအသားကို မေးမြန်းတဲ့ ပြဇာတ်မေးခွန်းရှည် ဖြစ်ပါတယ်။ ပြဇာတ်သဘောတရားနဲ့ ဆက်စပ်ပြီး မေးတဲ့ အကြောင်းအရာပိုင်းလည်း ဖြစ်နိုင်ပါတယ်။ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ပြဇာတ်ကို လေ့လာရာမှာ ပြဇာတ်သဘောသဘာဝနဲ့ ပြဇာတ်အင်္ဂါရပ်ကို သိရှိနားလည်ဖို့၊ ပြဇာတ်ရဲ့ အရသာကို ခံစားတတ်ဖို့၊ ပြဇာတ်အရေးအဖွဲ့ရဲ့ စာပေလက်ရာတွေကို အကဲဖြတ်နိုင်ဖို့ လိုပါတယ်။ ပြဇာတ်ရဲ့ သဘောသဘာဝ၊ ပြဇာတ်ရဲ့ ဖန်တီးမှုအနုပညာ၊ ပြဇာတ်ရဲ့ အရေးအသားတို့ကို သိရှိနားလည်ဆည်းပူးထားဖို့ လိုပါတယ်။ ပေးမှတ် (၁၀) မှတ် ဖြစ်ပါတယ်။
နမူနာ
၅။ ရေသည်ပြဇာတ်တွင် တွေ့ရှိရသော ရသမြောက်အဖွဲ့များကို လေ့လာတင်ပြပါ။ (၁၀ မှတ်)
မေးခွန်းနံပါတ် (၆)
မေးခွန်းနံပါတ် (၆) ဟာ စာစီစာကုံးမေးခွန်း ဖြစ်ပါတယ်။ မေးခွန်းနှစ်ပုဒ် မေးပြီး တစ်ပုဒ် ဖြေရပါမယ်။ ကျောင်းသား ကျောင်းသူတွေရဲ့ ပင်ကိုအရည်အသွေးကို အဖော်ထုတ်ပေးနိုင်ဆုံး မေးခွန်း ဖြစ်ပါတယ်။ ကိုယ်ပိုင် ဗဟုသုတ အတွေးအခေါ်ကို ကိုယ်ပိုင်စကားပြေ အရေးအသားနဲ့ ရေးရတဲ့အတွက် ကျောင်းသား ကျောင်းသူတွေရဲ့ ကိုယ်ခံကို စာစီစာကုံးနဲ့ အကဲဖြတ်တာ ဖြစ်ပါတယ်။ စာစီစာကုံး ရေးသားဖို့ ပုံကြမ်းအချက်အလက် ငါးချက် ပေးထားပြီး အချက်တစ်ချက်ကို စာတစ်ပိုဒ်နှုန်းနဲ့ ဖြေဆိုရပါမယ်။ ဖြေဆိုရာမှာ ပုံကြမ်းအချက်အလက်ကို အခြေမခံဘဲ အလွတ်ကျက်မှတ်ဖြေဆိုထားရင် အမှတ်မရနိုင်ပါဘူး။ ပေးမှတ် (၁၀) မှတ် ဖြစ်ပါတယ်။
နမူနာ
၆။ နှစ်သက်ရာတစ်ခုကို စာစီကုံးပါ။ (၁၀ မှတ်)
(၁) သာယာသော နံနက်ခင်း
> နေ့တစ်နေ့၏ အချိန်များအနက် သာယာသော အချိန်တစ်ချိန် ဖြစ်ပုံ
> နံနက်ဆည်းဆာ ရောင်နီထွက်ပေါ်လာပုံ
> ပတ်ဝန်းကျင်၏ သာယာလှပပုံ
> လူတို့၏ နိုးထလှုပ်ရှားကြပုံ
> နေ့တစ်နေ့ကို အင်အားသစ်ဖြင့် အစပြုပုံ
(၂) သတိတရား
> သတိတရား၏ အရေးကြီးပုံ
> သတိကင်းလွတ်ခြင်း၏ အပြစ်
> သတိပျက်ယွင်းစေသော အကြောင်းများ
> သတိရှိခြင်း၏ အကျိုး
> သတိတရားကို လက်ကိုင်ထားသင့်ပုံ
မေးခွန်းနံပါတ် (၇)
မေးခွန်းနံပါတ် (၇) ဟာ အဆိုတစ်ရပ်ကို ဖတ်ရှုပြီး ကိုယ်ကြိုက်တဲ့ဘက်ကနေ ရပ်တည်ဆွေးနွေးခိုင်းတဲ့ အဆိုဆွေးနွေးမေးခွန်း ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေရဲ့ ကိုယ်ပိုင်စဥ်းစားဉာဏ်၊ အတွေးအခေါ် ပင်ကိုအရည်အသွေးကို ဖော်ထုတ်ပြတဲ့ မေးခွန်း ဖြစ်လို့ ကိုယ်ပိုင်အတွေးအခေါ် စိတ်ကူးစိတ်သန်း ကောင်းရင် ကောင်းသလောက်၊ အရေးအသား အတင်အပြ ကောင်းကင် ကောင်းသလောက် အမှတ် ရနိုင်ပါတယ်။ အရေးအသား အဆင်ပြေချောမွေ့အောင် ရေးတတ်ဖို့ များများ လေ့ကျင့်ထားရပါမယ်။ အပြန်အလှန် ဆွေးနွေးတတ်တဲ့ အလေ့အကျင့်ကောင်းတွေကိုလည်း ရရှိနိုင်တဲ့အတွက် ကျောင်းသား ကျောင်းသူတွေရဲ့ အတွေးနဲ့ အရေးအသားစွမ်းရည်ကို ဖော်ထုတ်ပေးတဲ့ မေးခွန်းမျိုး ဖြစ်ပါတယ်။ ဖြေဆိုရာမှာ ရေးသားချိန် မိနစ် ၂၀-၂၅ ခန့်သာ ရရှိနိုင်တဲ့အတွက် ကိုယ်ရမယ့် အချိန်အတိုင်းအတာကို သတိပြုရပါမယ်။ စာပိုဒ် ၄ ပိုဒ်သာ လေ့ကျင့်ဖြေဆိုသင့်ပါတယ်။ ပထမစာပိုဒ်က နိဒါန်း (၂ မှတ်)၊ ဒုတိယစာပိုဒ်နဲ့ တတိယစာပိုဒ်က စာကိုယ် (၃ မှတ်စီ)၊ စတုတ္ထစာပိုဒ်က မိမိရပ်တည်ချက်ကို အတည်ပြုတဲ့ နိဂုံး (၂ မှတ်) ဖြစ်ပါတယ်။ စာတစ်ပိုဒ်မှာ ရေးသားချိန် ၅ မိနစ်ခန့်သာ သုံးသင့်တဲ့အတွက် ပေးမှတ်နဲ့ ချိန်ဆပြီး ဘယ်လိုရေးသင့်တယ်ဆိုတာ တွေးဆရမှာ ဖြစ်ပါတယ်။
နမူနာ
၇။ အောက်ပါအဆိုများအနက် တစ်ခုကို ထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ဖြစ်စေ ဆွေးနွေးပါ။ (၁၀ မှတ်)
(၁) ရသစာပေဖတ်ရခြင်းသည် သုတစာပေဖတ်ရခြင်းထက် ပိုကောင်းသည်။
(၂) ရုပ်မြင်သံကြားကြည့်ခြင်းသည် စာဖတ်ခြင်းထက် ပို၍ အကျိုးရှိသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုကြမယ့် ကျောင်းသား ကျောင်းသူတွေ အားလုံး မြန်မာစာပေနဲ့ မြန်မာစာ ဘာသာစကားကို မြတ်နိုးတန်ဖိုးထားကာ စာမေးပွဲ ကောင်းစွာ ဖြေဆိုနိုင်ပြီး ထူးထူးချွန်ချွန် အောင်မြင်နိုင်ကြပါစေ။
Translation in English
Useful information about Myanmar language for the 2025
Matriculation Examination
(A brief summary has been written by Laurent.)
Dr. Lwin Mar Oo, Professor (Head), Department of Myanmar
Language, Yangon University
Textbook
The Grade 12 Myanmar language textbook consists of three (3)
sections: Speaking Lessons, Reading Lessons, and Writing Lessons.
Question Structure
The Myanmar language test consists of (7) long questions.
1. Objective questions
2. Short questions
3. Long poetry questions
4. Long prose questions
5. Long drama questions
6. Essay questions
7. Long discussion questions
Some questions also include multiple-choice questions.
Question number (1) Explanation
This is an objective question.
It consists of speaking lessons, reading lessons, and
writing lessons.
Students must study all three parts without skipping any
part.
This is a question that can be used to test whether students
have truly understood and comprehended the lesson. If they have truly
understood and comprehended the lesson, they will get full marks.
There are three parts: Section (a), Section (b) and Section
(c).
Question 1 (a) is a multiple-choice question. It is worth
(10) points. If you answer accurately, you will get full marks.
Example
1. (a) Mark the following statements as false (false) and
true (true). (10 points)
(1) Pitch and inflection are two important concepts in
effective speaking.
Question 1 (b) is a fill-in-the-blank question. The score is
(10) points. You can get full marks if you answer accurately.
Example
1. (b) Fill in the blanks below. (10 marks)
(1) The prose of the period was written in the -------
period.
Question 1 (c) is a multiple-choice question with three
options and one correct answer. The total marks awaExample
1. (c) Choose the correct
answer from the following. (10 points)
(1) The style of writing
is -------.
(a) Three lines (b) Five
lines (c) Six lines
Question number (2)
Explanation
The question consists of
four sub-questions. rded is (10) marks. If
you answer accurately, you will get full marks.
1. Critical Questions
2. Metaphor Questions
3. Context Questions on the Play
4. Short Speech Questions
Question No. 2 (a) asks students to critically interpret the
meanings of words from poems, prose, and plays. These critical questions are
asked because they want to know how the words are used in the text. (7) words are given and (5) will be answered. The marks given are (5) marks. If you can answer accurately, you can get full marks.
Example
2. Answer the following. (20
marks)
(a) Give the exact meaning of five of the following
words.
Give up, hurry up,
complete, barn, time, share, glory.
The meaning of Burmese
words varies depending on how they are used, so when answering difficult
questions, it is necessary to explain them precisely according to the
definition in the textbook. It is necessary to match the grammatical type of
the given word with the grammatical type of the definition.
If the given word is a
noun, the explanation must be a noun.
(Example - granary = a building for storing rice,
beans, etc.)
If the given word is a
verb, the explanation must be a verb.
(Example - ເຄື່ອງການຄື່ອງ = to give. to
give.)
If the given word is an
adjective, the explanation must be an adjective.
(Example - ເຄື່ອງ = to be glorious.)
In complex explanations,
if a single sentence is used, the meaning is not yet complete, so it needs to
be explained further.
(Example - ສາວວວ = complete, precise,
comprehensive.)
For explanations that are
in sections, it is usually sufficient to state one sentence.
Question 2 (b) is a metaphor question where you have to
explain what metaphor is used in the given expressions. You should answer as
you really understand it and you will be given marks based on that answer. If
you can answer the metaphor correctly and correctly, you will get full marks.
There are (7) metaphors given and you will answer (5). The given marks are (5). If you can answer accurately, you will get full marks.
Example
2. (b) Choose five of the following and explain which
metaphor is used.
Diamond pillow,
diamond-shaped pillow, diamond-shaped tooth, diamond-shaped eye
Question number 2 (c) is a context question from the play. (3) points are given for the given context and five
contextual factors (who, to whom, where, when, why) and (2) points for clearly stating the meaning of what is said, for a total of (5) points. Answers should be concise. Include the
name of the scene rather than just the scene number. If you can answer
silently, you will get full marks.
Example
2. (c) If you do not follow the law, if you are
flawed, if you are completely wrong, if you are wrong, if you do not do it, if
you do not measure it, it is not good.
Question number 2. (d) is a short question from the lecture. You will
give one of the three chapters of the lecture. You should answer briefly. The
given marks are (5) points. If you can answer accurately, you can get
full marks.
Example
2. (d) Explain the compositional strategy among the
speech strategies.
Question number (3) Explanation
Question number (3) is a long poem question that asks students to
choose one poem from the (8) poems in the reading lesson. In assessing this
question, students will be given (5) points for their correct study, (5) points for their ability to present their own
writing and to present the question in a way that is appropriate - a total of (10) points.
You must answer according
to the perspective of the question. If you rewrite the poem in prose, including
all the information, but not according to the perspective of the question, you
will receive less than (5) points. You must read the perspective and the
author of the question carefully and answer with your own written argument.
Example
3. Study and present the main points from the poem
"Owadah Htoo Poo". (10 points)
Question number (4) Explanation
Question number (4) is a long prose question that asks you to choose
one passage from the (8) prose passages in the reading and recitation
lesson.
In assessing this
question, students will be given (5) points for their study accuracy, (5) points for their ability to present the question
in a way that is appropriate to their own writing style, and (10) points for their ability to present the question
in a way that is appropriate to their own writing style. Students must answer
according to the perspective of the question. If they do not pay attention to
the perspective of the question and simply write the same information as the
paragraph they have memorized, they will receive less than (5) points.
Example
4. Critically evaluate knowledge from the prose of
the article "Sabu Taung". (10 points)
Question number (5)
Question number (5) is a long drama question that asks about the
content or writing in the reading lesson "Ye He". It can also be
related to the content of the drama.
In studying theater,
students need to understand the nature and characteristics of theater, enjoy
the taste of theater, and evaluate the literary works of theater groups. They
need to understand and acquire the nature of theater, the creative art of
theater, and the writing of theater. (10) points
awarded.
Example
5. Study and present the groups of characters found
in the play "Ye Te". (10 points)
Question number (6)
Question number (6) is an essay question. You will be asked two
questions and you will have to answer one. This question is the most likely to
reveal the students' inner qualities.
Students are assessed
through an essay, as they are required to write their own personal knowledge
and ideas in their own prose. Five outlines are provided for writing the essay,
and each point must be answered in one paragraph. If you answer by rote without
using the outline, you will not receive a grade. (10) points will be awarded.
Example
6. Write about something you like. (10 points)
(1) A beautiful morning
> A beautiful time of
day
> The red glow of the
morning sun
> The beauty of the
surroundings
> The way people wake
up
> The way they start
the day with new energy
(2) Mindfulness
> The importance of
mindfulness
> The sin of being
careless
> Causes of loss of
mindfulness
> Benefits of
mindfulness
> How to maintain
mindfulness
Question number (7)
Question number (7) is a discussion question that asks students to
read a statement and discuss it from their preferred side. This question reveals
the students' own thinking, thinking, and inherent qualities, so the better
their own thinking and imagination, the better their writing skills, and the
better their argumentative skills. You need to practice a lot to be able to
write smoothly.
This is a question that
tests students' thinking and writing skills, as it also allows for good
discussion skills. You will only have 20-25 minutes
to write, so be mindful of the time you have available.
You should only practice 4 paragraphs. The first paragraph is the
introduction (2 points), the second and third paragraphs are the
body (3 points each), and the fourth paragraph is the
conclusion (2 points) that confirms your position. You should
only spend about 5 minutes writing each paragraph, so you should
think about how you should write it based on the points you are given.
Example
7. Discuss, either in favor or against, one of the
following statements. (10 points)
(1) Reading fiction is better than reading
non-fiction.
(2) Watching television is more beneficial than
reading.
May all students who will
be taking the 2025 university entrance exam cherish and value Burmese
literature and the Burmese language, be able to pass the exam well, and achieve
outstanding results.
Comments
Post a Comment