သင်္ချာ ၃ မျိုး ဘာကြောင့်ဖြစ်ရတာလဲ
သင်္ချာ ၃ မျိုး ဘာကြောင့်ဖြစ်ရတာလဲ ဒီခေါင်းစဉ်နဲ့ နိုဝင်ဘာလ ၂ ရက်နေ့မှာ ဝပ်ရှော့တစ်ခု လုပ်ပါမယ်။ အခုလို လုပ်ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ နှစ်စဉ်နှစ်တိုင်း မိဘတွေဆီက မေးခွန်းတစ်ခုကြောင့်ပါ။ “IGCSE Math မှာ ၃ မျိုးရှိတယ်ကြားတယ်။ ဘယ် math ကို ယူရမလဲဆရာ” ဆိုတဲ့ မေးခွန်းပါ။ Cambridge ရော Edexcel မှာပါ ခုလို သင်္ချာဘာသာရပ်ကို ခွဲပေးထားပါတယ်။ Cambridge မှာတော့ 0580 နဲ့ 0606 ဆိုတဲ့ ဘာသာရပ်ကုဒ်တွေကို အယူများကြပါတယ်။ တချို့လည်း 0607 ကုဒ်ကို ယူပါတယ်။ အခုလို သင်္ချာကို ဘာကြောင့် ခွဲထားရတာလဲဆိုတာ ပညာရေးသီအိုရီတွေပေါ် တင်ကြည့်မှသာ ရှင်းရှင်းလင်းလင်း မြင်ရနိုင်မှာပါ။ တစ်ခုနဲ့တစ်ခု ကွာခြားချက်ကို သိထားသင့်တာက အထူးသဖြင့် ဆရာတွေပါ။ ဆရာတွေဆိုလို့ IS သင်တဲ့ ဆရာတွေချည့်ပဲ မဟုတ်ပါဘူး။ မြန်မာကျောင်းဆရာတွေလည်း သိကောင်းပါတယ်။ ဒါ့အပြင် မိဘတွေပါ နားလည်ထားတယ်ဆိုရင်လည်း သားသမီးတွေအတွက် အထောက်အကူဖြစ်တာပေါ့။ ဥပမာ 0580 မှာ Core နဲ့ Extended ဆိုပြီး အဆင့်ခွဲခြားထားပါတယ်။ မြန်မာကျောင်းသားတွေအများစုကတော့ Extended ကို ယူကြပါတယ်။ Core ဖြေတဲ့ အနည်းငယ်လည်း ရှိပါတယ်။ ဒီလို အဆင့်ခွဲခြားထားရတဲ့အကြောင်းကတော့ သိမ...