Hypatia


ဒါကြောင့် 415CE ခုနှစ်မှာ သူတို့က သူမကို ရထားပေါ်ကနေ ဆွဲချ၊ အဝတ်အစားတွေကို ချွတ်ယူပြီး ရက်စက်ကြမ်းကြုတ်တဲ့နည်းနဲ့ tတ်ဖြတ်ခဲ့ကြတာပါ။

အခုခေတ် Egypt နိုင်ငံ Alexandria မြို့ မှာ ဖြစ်ခဲ့တာပါ။


Hypatia — သမိုင်းတစ်လျှောက် ပထမဆုံးသော အမျိုးသမီး သင်္ချာပညာရှင်၊ ဒဿနပညာရှင် နှင့် နက္ခတ်ပညာရှင် တွေထဲက တစ်ဦးပါ။ အမျိုးသမီးများ အသံတိတ်နေရမယ့်ခေတ်မှာ သူမဟာ လူအများရှေ့မှာ ပညာရပ်တွေ သင်ကြားပေးခဲ့သူပါ။


Hypatia ဟာ အာဏာရှိတဲ့ ဘုရင်ခံ Orestes ကို အကြံဉာဏ်ပေးခဲ့ပြီး ကမ္ဘာအနှံ့က ကျောင်းသားတွေကိုလည်း စာပေပို့ချခဲ့ပါတယ်။


ဩဇာအာဏာရှိပြီး ထက်မြက်တဲ့၊ အိမ်ထောင်မပြုထားတဲ့ အမျိုးသမီး တစ်ဦးဖြစ်တာဟာ အမျိုးသားများစွာအတွက် မခံမရပ်နိုင်စရာ ကိစ္စဖြစ်ခဲ့ပါတယ်။


415CE ခုနှစ်မှာ သူမကို ခရစ်ယာန် ဘာသာဝင် လူဆိုး တစ်စုက တိုက်ခိုက်ခဲ့ကြတာပါ။


သူမကို ဘုရားကျောင်းထဲ ဆွဲခေါ်သွားပြီး ချွန်ထက်တဲ့ အိုးခြမ်းပဲ့များ သို့မဟုတ် ခရုခွံများ နဲ့ အလွန်ရိုင်းစိုင်းစွာ အဆုံးစီရင်ခဲ့ကြပါတယ်။


ပြီးနောက် သူမရဲ့ ခန္ဓာကိုယ်ကို ဆွဲဆုတ်ဖြဲချပြီး မီးရှို့ပစ်ခဲ့ကြပါတယ်။


Hypatia ရဲ့ အသံကို တိတ်စေခဲ့ပေမဲ့—

သူမရဲ့ အသံဟာ​မျိုးဆက်သစ်တွေထဲမှာ ရှင်သန်နေဆဲပါ။ 



Refference

Comments

Popular posts from this blog

Grade 6, English

IT Knowledges

Grade 5 English