Bridge Education Program (BEP)
ISP-Myanmar’s Bridge Education Program
ပဉ္စမပတ် သင်တန်းအတွက် လျှောက်ထားနိုင်ပါပြီ
__________________________
➤ သင်တန်းလျှောက်ထားရန်
ISP-Myanmar ၏ အစီအစဉ်တရပ်ဖြစ်သော Bridge Education Program (BEP) သည် အကြောင်း အမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးနေကြရသော မြန်မာလူငယ်များ၏ ပညာရေးအတွက် ကြား ကာလပညာရေးဖြည့်ဆည်းပေးမှုအဖြစ် ၂၀၂၁ ခုနှစ် ဩဂုတ်လ၌ စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။
BEP အစီအစဉ်၏ ပဉ္စမပတ် သင်တန်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်မည်ဖြစ်ပါသည်။ တက်ရောက်လိုသူများအနေဖြင့် ဒီဇင်ဘာ ၃၀ ရက် (သောကြာနေ့) ညနေ ငါးနာရီထက် နောက်မကျစေဘဲ ဖော်ပြပါ Link ရှိ Google Form တွင် လိုအပ်သော အချက်အလက်များ ဖြည့်စွက်၍ လျှောက်ထားရမည် ဖြစ်သည်။ ယခု သင်တန်းအပတ်စဉ်တွင်လည်း လူဦးရေ ၅၀ ဦးကိုသာ ရွေးချယ်သင်ကြားပေးပါမည်။
သင်တန်းကြေး တစုံတရာ ပေးရန်မလိုဘဲ အခမဲ့သင်ကြားပေးနေသော BEP အစီအစဉ်သို့ (စတုတ္ထပတ် သင်တန်းအထိ) နိုင်ငံအနှံ့မှ လျှောက်ထားသူ ၁,၅၆၂ ဦး ရှိခဲ့သည့်အနက် ၁၈၁ ဦးကို ရွေးချယ်သင်ကြားပေးခဲ့ပြီး ဖြစ်ပါသည်။ အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက
သို့ ဝင်ရောက်ကြည့်ရှု၍သော်လည်းကောင်း၊ application@ispmyanmar.com သို့ အီးမေလ်းပို့၍သော်လည်းကောင်း မေးမြန်းနိုင်ပါသည်။
#ISP_BEP
Comments
Post a Comment