After School Program

 






ကလေးတို့ရဲ့ ပညာရေးလမ်းကြောင်းကို ပိုတောက်ပြောင်ပြီး အဆပေါင်းများစွာတိုးတက်စေမယ့် Kiddiecare ရဲ့ “After School Program ” အတန်းအသစ် ရောက်လာပါပြီ🥁🥁

 

📣ရှေ့တစ်ခေါက်က ဖွင့်လှစ်ခဲ့တဲ့ “After School Program ” အတန်းမှာ အကြောင်းအမျိုးမျိုးကြောင့် တက်ခွင့်မရလိုက်တဲ့ သားသားမီးမီးတို့အတွက်ရော၊ Kiddiecare ရဲ့ အတန်းသစ်ဖွင့်‌ဖို့မျှော်နေကြတဲ့ ဖေဖေမေမေတို့အတွက်ပါ သတင်းကောင်းရှိပါတယ်။

📣 ဒါကတော့ အခုတစ်ခေါက်မှာ LANN ကနေ “After School Program ”အတန်းသစ်ကို ထပ်မံဖွင့်လှစ်ပေးလိုက်ပြီဆိုတဲ့ သတင်းကောင်းပဲဖြစ်ပါတယ်။


🌟 ရှေ့မှာ ဖွင့်လှစ်ပေးခဲ့တဲ့ “After School Program” အတန်းလိုပဲ အခုအတန်းကလည်း ကျောင်းအားလပ်ချိန်မှာ ပညာတွေတိုးပွားလာစေဖို့ရည်ရွယ်ပြီး ဖွင့်လှစ်ပေးတဲ့  LANN ရဲ့ Enrichment class လေး ဖြစ်ပါတယ်။


📖 ဒီအတန်းသစ်မှာဆိုရင်

🔸Myanmar (မြန်မာစာ)

🔸English (အင်္ဂလိပ်စာ)

🔸Science ( သိပ်ပ္ပံ )

🔸Social Studies ( ဘ၀တွက်တာ သိမှတ်စရာ ) ဆိုပြီး စုစုပေါင်း (၄)ဘာသာကို သင်ကြားပေးသွားမှာပါ။

🌟 ဒီဘာသာရပ်အားလုံးဟာ LANN ရဲ့ နိုင်ငံတကာအဆင့်မီ ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းနဲ့ သင်ပေးသွားမှာ ဖြစ်ပါတယ်။ 


📆 အတန်းအလိုက် တက်ရမယ့်အချိန်ဇယားကတော့ ပိုပြီးရှင်းရှင်းလင်းလင်းသိရအောင် အောက်ကပုံလေးတွေမှာ ဖတ်ကြည့်လိုက်ပါနော်။


👩🏼‍🏫အတန်းကို { Class-Nemo, Class-Lion King, Class-Superbaby, Class-Spiderbaby } ဆိုပြီး အတန်း၄ တန်း ခွဲပေးထားပါတယ်။ 

လောလောဆယ်မှာ နှစ်သက်ရာအတန်းကိုရွေးနိုင်ပေမဲ့ assessment test ဖြေပြီးရင်တော့ ရတဲ့ result ပေါ်မူတည်ပြီး အတန်းပြန်ခွဲပေးသွားမှာပါ။

အရင်က တက်ဖူးပြီးသား ကျောင်းသားဟောင်းတွေကတော့ နောက်အတန်းသစ်ကို ဆက်တက်လို့ရပါတယ်။ (ဥပမာ- Nemo အတန်းကို တက်ထားတဲ့သူတွေက Lion King အတန်းကို ဆက် join လို့ရသလိုမျိုးပါပဲ)


👫 အသက်အရွယ်ကန့်သတ်ချက်ကတော့ အကြမ်းအားဖြင့်

Class Nemo           - ၅နှစ်မှ ၇နှစ်

Class Lion King     - ၇ နှစ်မှ ၉နှစ်

Class Superbaby  - ၉နှစ်မှ ၁၂နှစ်

Class Spiderbaby - ၁၂ နှစ်မှအထက် ဆိုပြီး ရှိပါတယ်။


📆 သင်တန်းကြာချိန်က စဖွင့်ချိန်က‌နေ ပြီးဆုံးတဲ့အထိ ၃လ ရှိပါမယ်။


💁🏼‍♀ဒီအတန်းကို စိတ်၀င်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ ပေးထားတဲ့ registration form လေးကို ဖြည့်ပေးရင် ရပါပြီ။

https://docs.google.com/forms/d/e/1FAIpQLScoGvkt2K6jPwal0Ms5NXFTa9dQptNHe-sn2kFpedNF5qNOrg/viewform?usp=send_form


🪙 အခုလိုကာလကြီးမှာ ဖေဖေမေမေတို့နဲ့ သားသားမီးမီးတို့လည်း အဆင်ပြေအောင်၊ အရည်အသွေးပြည့်မီတဲ့ ပညာရေးလည်းရအောင် တစ်ဘာသာကို တစ်လလျှင် ၅၀၀၀ (ငါးထောင်)ကျပ်နှုန်းနဲ့ ဈေးသက်သာစွာ သတ်မှတ်ပေးထားပါတယ်။

🪙 တစ်ကယ်လို့ ကိုယ်က အတန်းအကုန်မတက်ချင်ရင်လည်း ကိုယ်နှစ်သက်ရာအတန်းကို ရွေးပြီးတက်လို့ရပါတယ်။


📆 အတန်းတွေကိုတော့ သားသားမီးမီးတို့ ကျောင်းပိတ်ချိန် March (မတ်လ) မှာ စတင်ဖွင့်လှစ်ပေးသွားမှာပါ။


🪙 အကယ်၍ ကိုယ်တိုင်က တက်ချင်ပေမဲ့ (သို့မဟုတ်) ဖေဖေမေမေတို့က ကလေးကိုတက်‌စေချင်ပေမဲ့ အခက်အခဲရှိလို့အဆင်မပြေဘူးဆိုရင်လည်း “ပညာသင်ဆု” လျှောက်ထားလို့ရပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်။


📍ကျောင်းအပ်လက်ခံမယ့်အချိန်ကတော့ (Feb 15- Feb 28) အတွင်း လက်ခံပေးသွားမှာဖြစ်ပါတယ်။


📍အတန်းရဲ့စည်းကမ်းချက်လေးတွေအနေနဲ့

✔️ အတန်းကာလပြီးဆုံးတဲ့အထိ တက်နိုင်ရပါမယ်။

✔️ အကြောင်းတစ်ခုခုကြောင့် အတန်းပျက်ချင်ရင် ကြိုတင်ခွင့်တိုင်ရပါမယ်။

✔️ ခွင့်မတိုင်ဘဲ ၃ကြိမ်ထက် ပိုပျက်မယ်ဆိုရင်တော့ အတန်းကနေ ထုတ်ပယ်သွားမှာဖြစ်ပါတယ်။


🌟ဒီတော့ ကိုယ့်ရဲ့သားသားမီးမီးတွေကို 

★online study နဲ့ မကင်းစေချင်ရင်

★အိမ်မှာပဲ ကိုယ့်မျက်စိရှေ့မှာ သင်ယူစေချင်ရင်

★ကိုယ်က အနီးကပ်ကြီးကြပ်ပေးချင်ရင် 

★Outdoor education အပြင် online education နဲ့ပါ ထိတွေ့စေချင်ရင် 

စသဖြင့် ကိုယ့်ကလေးတိုးတက်ဖို့ ရည်ရွယ်ချက်အမျိုးမျိုးရှိနေတယ်ဆိုရင်တော့ ဒီသင်တန်းလေးကို တက်ဖို့ဖိတ်ခေါ်လိုက်ရပါတယ်....💯


✨အတန်းပြီးဆုံးတဲ့အခါ Certificate ရရှိမှာဖြစ်ပြီး လူဦးရေအကန့်အသတ်ရှိလို့ အခွင့်အရေးလက်မလွှတ်ရလေအောင် comment မှာပေးထားတဲ့ registration form လေးမှာ အမြန်ဆုံးစာရင်းလာသွင်းလိုက်ပါတော့နော်။

#Kiddiecare 

#LANN

Comments

Popular posts from this blog

Grade 10 Chemistry Lessons

Grade 10 physics

Grade 10 Math Chapter 5 to 9