Executive Finance Program for CEOs

 Executive Finance Program for CEOs




#CEO တစ်ဦးအနေဖြင့် အချိန်ချိန်တိုတိုအတွင်း ဘဏ္ဍာရေးဆိုင်ရာ ဗဟုသုတများကို လေ့လာကြဖို့ အခွင်အလမ်းတွေရှိပါသလား…


အဖြေကတော့ #လုံး၀ရှိပါတယ်လို့ပဲ ဖြေနိုင်ပါတယ်။ CEO တစ်ဦးဟာ ကုမ္ပဏီ တစ်ခုမှာ အမြင့်ဆုံးသော ထိပ်တန်း ရာထူးကို ရယူထားတဲ့ အမှုဆောင် တစ်ဦး ဖြစ်ရာ သူ့ရဲ့တာဝန်တွေက ကုမ္ပဏီရဲ့ အမြင့်ဆုံးသော စီးပွါးရေး မဟာဗျူဟာတွေကို အစပြုဖို့၊ ချဲ့ထွင်ဖို့ အကောင်အထည်ဖော်နိုင်ဖို့ အတွက် အဓိက ဆုံးဖြတ်ချက်များကို ချမှတ်ရမှာ ဖြစ်ရာ၊ လုပ်ငန်းတစ်ခုလုံးရဲ့ လုပ်ငန်းလည်ပတ်မှုနဲ့ အရင်းအမြစ်တွေကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ဖို့ တာဝန်ရှိသူပါ…


အဆိုပါတာဝန်ကို ယူထားတဲ့ CEO တစ်ဦးအနေနဲ့ ကောင်းမွန်တဲ့ #ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲခြင်း (Good Financial Management) နှင့်ပါပက်သက်ပြီး ကောင်းမွန်သာလွန်တဲ့ အမြင်ထက်မြက်မှုများရှိနေရင် သူ့လုပ်ငန်း အောင်မြင်ဖို့ရန် ပိုပြီးအထောက်အပံ့ဖြစ်နိုင်မယ်ဆိုတာ ဘယ်သူမှငြင်းလို့ရနိုင်မှာ မဟုတ်ပါဘူး။ ဒါဆိုရင် CEO တစ်ဦးအနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဘွဲ့ တစ်ခုခုကို ရယူဖို့ အချိန်တွေ များစွာအကုန်ခံပြီး လေ့လာဆည်းပူးဖို့ရာ အရမ်းခက်ခဲနိုင်ပါတယ်။


ဒါကြောင်းမို့ #အချိန်တိုတိုအတွင်းမှာ လေ့လာနိုင်တဲ့ Professional Training Institution တွေက သင်ကြားလေ့ရှိတဲ့ သီအိုရီတွေရယ်၊ ဖြစ်ရပ်မှန်တွေအပေါ် အခြေခံထားတဲ့ လက်တွေ့အသုံးချပုံတွေရယ် နဲ့ အတွေ့အကြုံများစွာ အပေါ်မှာ အခြေခံထားတဲ့ Executive Finance Training Program တွေရှိနေပါပြီ။


ကောင်းမွန်တဲ့ #ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲခြင်း အတွက် အမြင်ထက်မြက်မှုနဲ့ သက်ဆိုင်တဲ့ ဗဟုသုတ မျိုးသာ များများရှိရင် လုပ်ငန်းတစ်ခုရဲ့ အောင်မြင်ရန်လိုအပ်သော ဒေါက်တိုင်တွေအကုန်လုံးကို ယုံကြည်ချက်ရှိရှိ အပေါ်စီးကကြည့်မြင်ပြီး လုပ်ငန်းရဲ့ လုပ်ဆောင်ချက် အဆင့်ဆင့်ကိုလည်း လစ်ဟာမှု မရှိအောင် ဦးစီးဦးဆောင်ပြုနိုင်မှာ ဖြစ်ပြီး၊ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင်ရည် (Financial Performance) ကို အကောင်းဆုံး ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း၊ စောင့်ကြည့်ထိမ်းကျောင်းနိုင်ခြင်းများဖြင့် ထိရောက်စွာ စီမံခန့်ခွဲနိုင်လာမှာပါ…

ဒါဆိုရင် ဘယ်လိုဧရိယာတွေ၊ လုပ်ဆောင်ချက်တွေအတွက် အာရုံစိုက်ပြီး ဘဏ္ဍာရေးဆိုင်ရာ ဗဟုသုတ မျိုးကိုရှာဖို့လိုသလဲဆိုရင်….


1. အချိန်နှင့် တစ်ပြေးညီး မှတ်တမ်းပြုစုခြင်း နှင့် အစီအရင်ခံခြင်းဆိုင်ရာ စနစ်တစ်ခုကို စီမံခန့်ခွဲရန်လိုအပ်တဲ့ ကျွမ်းကျင်မှုမျိုးကိုဆိုလိုတာပါ။ (Timely and Accurate Recording and Reporting Systems)

#ဒီမှာဘာတွေကိုသိလာရမှာလဲ (၁). Process Management Skills (၂). Financial Report Expertise (၃). Key Performance Indicators/Dashboard စတာတွေ ရှင်းရှင်းလင်း သိမြင်နိုင်လာမှာပါ။


2. #ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲခြင်းအတွက် ကျွမ်းကျင်မှု။ (Treasury Management Skills) 

#ဒီမှာတော့ (၁). Cash Flow Management (၂). Debt and Equity Financing Expertise စတာတွေ ရှင်းလင်းပြတ်သားစွာ သဘောပေါက်နားလည်လာမှာပါ။

 

3. #လုပ်ငန်းအတွက်အနာဂတ် အစီအစဉ်ရေးဆွဲခြင်းနဲ့ ကြီးပွါးဖြစ်ထွန်းမှုအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုမျိုးပါ။ (Business Planning and Business Growth) 

# ဒီမှာဘာတွေကိုသိလာရမှာလဲ (၁). Strategic Planning (၂). Financial Forecasting (၃). Investment Analysis သေချာစွာ သိရှိလာမှာဖြစ်ပါတယ်။


4. #လုပ်ငန်းတစ်ခု၏ ဖွဲ့စည်းအုပ်ချုပ်ပုံ နှင့် ထိန်းကွက်ရေးစနစ်ဆိုင်ရာ ကျွမ်းကျင်မှု။ (Corporate Governance and Controls) 

#ဒီမှာဘာတွေပါသလဲ (၁). Compliance (၂). Risk Management စတာတွေ သေချာမြင်တက်လာမှဖြစ်ပါတယ်။ 

ဒီလိုအထူးပြင်ဆင်ထားတဲ့ Executive Finance Training Program တစ်ခုအား Professional Training Institution တစ်ခုမှ မကြာမှီ…


#မြန်မာနိုင်ငံမှာ (၆) ကြိမ်မြောက်အနေဖြင့် ၄.၃.၂၀၂၃ - ၅.၃.၂၀၂၃ နေ့ Novotel Hotel Max မှာ ဖွင့်လှစ်မယ့် Executive Finance Program for CEOs (2days Executive Workshop) ကို Novotel Chef များရဲ့ လက်ရာကို သုံးဆောင်ရင်း တက်ရောက်နိုင်ဖို့ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်..…


လူဦးရေ အထူးကန့်သက်ထားတယ်။ (၈း၃၀ - Registration, ၉း၀၀ - ၆း၀၀ Training) 


ပရိုဂမ် အသေးစိတ်နှင့် #စာရင်းပေးသွင်းရန်

www.maximaxsolution.com/executive-learning


စုံစမ်းရန်... info@maximaxsolution.com

09 7777 366 79, 09 7777 366 97

Address; လိပ်စာ; No.5, 4th Floor, Room-B, သစ္စာလမ်းမကြီး, ရန်ကင်းမြို့နယ်, ရန်ကုန်မြို့, 11081


#Addressing Financial Literacy Needs of Professionals in Myanmar"


#Trainer Profile

----------------------------------------------------------------------------------------------------------------------------------------------------------------------

ဦးသန်းအောင်သည် Accounting, Finance နှင့် Private Equity Investment နယ်ပယ်များတွင် နှစ်ပေါင်း (20) ကျော် အတွေ့အကြုံရှိပြီး၊ ပြည်တွင်းပြည်ပ ကုမ္ပဏီပေါင်းများစွာအား Corporate Finance, Investment Advisory, M&A, Financial Advisory, Tax Advisory, Accounting Services အစရှိတဲ့ဝန်ဆောင်မှုမျာအား ပေးနေတဲ့ MaximaxSolution Corporate Advisory ၏ Founder and CEO ဖြစ်ပါတယ်။ Microfinance, Education, Telecom, Retail, Health Care, Food and Beverage, Hydropower, Solar, Manufacturing, Trading အစရှိတဲ့ ကဏ္ဍများ၌ Mergers & Acquisitions (M&A) အတွေ့အကြုံများစွာရှိပြီး၊ US$200 million ကျော်ရှိတဲ့ Investment Deal လေးခုမှာ ပါဝင်ခဲ့ပါတယ်။


ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ လုပ်ငန်းရှင်များ၊ Working Executives များ၊ အောင်မြင်ကျော်ကြားနေသော  လုပ်ငန်းရှင်ကြီးများအား ဘဏ္ဍာရေးနှင့် သက်ဆိုင်သော Executive Education များ ပို့ချပေးနေသော မြန်မာနိုင်ငံ၏ ငွေကြေး နှင့် အရင်းအနှီးဈေးကွက် ဖွံဖြိုးလာရေးအတွက် ထိန်းကျောင်းလမ်းညွန်မှုပေး နေသည့် “Securities and Exchange Commission of Myanmar, #SECM” မှ အရည်အသွေးပိုင်း ဆိုင်ရာ အသိအမှတ်ပြု လက်မှတ် ရရှိထားသည့် MaximaxSolution Executive Learning Institute ၏ Chief Capability Officer လည်းဖြစ်ပါတယ်။ UK နိုင်ငံ CISI, ACCA တို့၏ Member ဖြစ်ပြီး၊ MICPA ၏ Member တစ်ဦးလည်းဖြစ်ပါတယ်။

Comments

Popular posts from this blog

Grade 10 Chemistry Lessons

Grade 10 physics

Grade 10 Math Chapter 5 to 9