အမေရိကန်ဗီဇာ လျှောက်သင်.သလား
အမေရိကန်ဗီဇာ လျှောက်သင်.သလား။ အမေရိကန်ဗီဇာ လျှောက်သင်.သလား ဆိုတဲ. မေးခွန်းနဲ. ပတ်သက်ပြီး အောက်ပါ အချက်အလက်များကို သေချာဖတ်ပြီး စဉ်းစား ဆုံးဖြတ်ပါ။ အမေရိကန်နိုင်ငံကိုသွားဖို. ဘယ်ဗီဇာ အမျိုးအစား လျှောက်ရမလဲ။ အခု အမေရိကန်သံရုံးမှာ လျှောက်လို.ရတဲ. ဗီဇာက အလည်အပတ်ဗီဇာ ရယ် ၊ ကျောင်းသား ဗီဇာ ရယ် ၂ မျိုးပါ။ အလည်အပတ်ဗီဇာကို Visitor Visa သို.မဟုတ် B1/B2 Visa လို. ခေါ်ပါတယ်။ B1/B2 Visa မှာ Business/ Conference/Tourism/Medical Treatment အကြောင်းပြချက်နဲ. သွားမည်.သူတွေ လျှောက်ထားလို.ရပါတယ်။ အမေရိကန်နိုင်ငံမှာ ( ၆ ) လ နေထိုင်ခွင်. ပေးပါတယ်။ ကျောင်းသားဗီဇာ ကို Student Visa သို.မဟုတ် F1 Visa လို. ခေါ်ပါတယ်။ အနည်းဆုံး ကောလိပ်တက်ရန် ၂ နှစ်သို.မဟုတ် တက္ကသိုလ်တက်ရန် ၄ နှစ် ပေးပါတယ်။ မိမိတက်မည်.ကျောင်းပညာ သက်တမ်းနှင်.အညီ အမေရိကန်နိုင်ငံတွင် နေထိုင်ခွင်.ရပါတယ်။ ✅အမေရိကန်ဗီဇာ လျှောက်ရတာ လွယ်သလား။ ၁။ အလည်ဗီဇာအကြောင်း အရင် ပြောပါမယ်။ အလည်ဗီဇာ လျှောက်ဖို.အလွန်လွယ်ကူပါတယ်။ မည်သူမဆို လျှောက်နိုင်ပါတယ်။ ကိုယ်.ကို ဖိတ်ခေါ်သူ ရှိရှိ/ မရှိရှိ ၊ အမေရိကန်နိုင်ငံမှာနေထိုင်တဲ.ဆွေမျိုးမိတ်ဆွေ ရှိရှိ/...