OSSD
ရန်ကုန်မှာတက်ခဲ့တဲ့ OSSDကျောင်း။
ဒီစာကိုကျနော်ရေးရင်် ကျနော့်ကို လာပြောမယ့်သူတွေရှိတယ် တခြားသူမဟုတ်ပါဘူး ကျနော့်အိမ်ကသူတွေပါ။ “OSSDက အချိန်နည်းနည်းလေးပဲကြာတာ။ ကံကောင်းလို့ ကျနော့်လို သူတွေကို လက်ခံတာ။ အရမ်းပွင့်ပွင့်လင်းလင်းမရေးနဲ့။ ကိုယ့်ကိုသိက္ခာထိခိုက်စေမယ့် မိသားစုအရေးအသားလေးတွေရှောင်ရေးပေးပါ။ OSSDက အမှတ်တွေအဆင်ပြေအောင်လုပ်ပေးထားတာ။ ကျောင်းကိုလက်တို့ရင်ဘယ်လိုလုပ်မလဲ” စသဖြင့်ပေါ့။ ကျောင်းက အဆင်ပြေအောင် လုပ်ပေးရအောင် လာဘ်ထိုးတိုင်းရတဲ့ကျောင်းမှမဟုတ်တာ။ remark- လွန်ခဲ့သော ၁နှစ်က အခြေအနေပါဒါကလေ.
သူ့စာမေးပွဲသူစစ်ပြီး သူ့diplomaသူထုတ်ပေးတဲ့ ကျောင်းမျိုးလဲမဟုတ်ဘူး။ နိုင်ငံတကာအသိအမှတ်ပြုOSSD diplomaထုတ်ပေးတဲ့ကျောင်းလေ။ ကျနော့်ကျောင်းကိုကျနော်ကြိုက်လား ပျော်ပါတယ် အမှတ်တရတွေများစွာရှိခဲ့တယ်။ ကျောင်းတက်ဖို့recommendလား။ ဆယ်တန်းပဲရှိတဲ့သူအတွက်အမြန်ဆုံးနည်းလမ်းလို့ထင်တာမို့ recommendပါတယ်။ ဒါပေမယ့် ကျောင်းတက်တဲ့experienceရမလား မရဘူး။
ရန်ကုန်မှာကျနော်တက်ခဲ့တဲ့ကျောင်းက OSSD ဆိုတဲ့ Ontario Secondary School Diploma ဆိုတဲ့ ဟာကို ကျနော်တက်ခဲ့တယ်။ A level equivalent diplomaပေါ့။ ကျနော်တက်ခဲ့တာရဲ့အစကိုကျနော်ပြန်ပြီးသွားချင်တယ်။ ကျောင်းနာမည်ကိုတော့တိုက်ရိုက်ပြောဖို့မလိုလောက်ဘူးထင်ပါတယ်။ ကျနော်ခုလိုရေးတာက ဝေမျှရုံသက်သက်ပဲ။ ကျောင်းကိုထိခိုက်လိုစိတ်မရှိဘူး။ လွန်ခဲ့သော တစ်နှစ်ခန့်ကအခြေအနေကိုပြောပြရုံပဲရှိတယ် ပြောင်းလဲရင်လဲပြောင်းလဲသွားမှာပါ။ ကျောင်းအတွက်formal reviewဆိုတာထက် ကျနော့်အတွေ့အကြုံကိုဝေမျှခြင်းသာဖြစ်တယ်။ မှားကောင်းမှားလိမ့်မယ်။
ကျနော်က အရင်တုန်းကတည်းကဆယ်တန်းကိုမပြီးခဲ့ဘူး။ ဒီလိုပါ။ COVID-19နဲ့ပြီးခဲ့ပြီးတော့တကယ့်တကယ်ကျောင်းတက်ဖို့အချိန်မှာလဲ အာဏာသိမ်းမှုဖြစ်တယ်။ ကြားထဲမှာ စာတွေနဲ့လဲ ၁နှစ်ခွဲ ၂နှစ်ထဲလဲရောက်လာပြီဆိုတော့ကျနော်အရင်ကစာတွေ မလုပ်ချင်တော့ဘူး။ ကျနော်လုပ်ချင်တာက တန်ဖိုးရှိတယ်လို့ခံစားရတဲ့ ပညာ။ ကျနော့်ရဲ့ အတန်းပညာမဟုတ်ရင်တောင် အတတ်ပညာ။ တစ်နေရာရာမှာအသုံးချလို့ရမယ့် သို့မဟုတ်ကျနော့်ရဲ့တက်လမ်းတွေကိုတွန်းပို့ပေးနိုင်မယ့်အရာမျိုး။ ဒီအရာမျိုးကို ကျနော်မခံစားခဲ့ရဘူး။ ပညာရေးစနစ်ရဲ့လိုအပ်ချက်လို့လဲပြောလို့ရသလို ဒီပညာရေးစနစ်ကို ကောင်းကောင်းအသုံးချမှုတစ်စုံတစ်ရာမပေးနိုင်တဲ့ ဆရာဆရာမတွေကြောင့်လို့လဲဆိုလို့ရတယ်။
ဘယ်သူ့ကြောင့်မှမဟုတ်ပါဘူး။ ကျနော်အရင်တုန်းကscholarshipတွေလျှောက်ဖူးတယ်။ ကျနော် မလျှောက်ခဲ့ပါဘူး။ ကျနော့်အိမ်ကနေပြီးတော့ ကျနော့်အတွက်လုပ်ပေးခဲ့တာတွေပေါ့။ ကျနော်မကြိုက်ခဲ့ဘူးဗျ။ ကျနော် ကကိုယ်တိုင်လုပ်ချင်တာဘာမဆို။ ခက်တာက ကျနော်လုပ်ချင်တဲ့အရာတွေကို ဒီကျောင်းတက်တာက ထောက်ပံ့နိုင်ပါ့မလားမသေချာခဲ့ဘူး။ ကျနော်စာမလုပ်ချင်ဘူး။ ပြောရရင်ဘာကြောင့်ဘာအတွက်လုပ်နေတယ်ဆိုတာကျနော်မသိဘူး။ အရင်တုန်းက ကျနော့်ကိုဘယ်သူမေးမေး ကျောင်းကိစ္စတွေကျနော်မဖြေနိုင်ဘူး။ ကျနော်ဘာဖြေလဲ အော် engineerကြီးလုပ်မယ် စင်ကာပူမှာကျောင်းတက်မယ်။ဒီလိုနဲ့ပဲအချိန်ကုန်ခဲ့တယ်။ ရေရေရာရာရယ်မသိဘူး။
ဒီလိုနဲ့နှစ်တွေကြာလာတယ်။ ကြားထဲမှာကျနော် ပြဿနာတွေ၊ အိမ်နဲ့အဆင်မပြေမှုတွေ၊ ကျနော်ကိုယ်တိုင်ရဲ့ စိတ်ဓာတ်အတက်အကျနဲ့ အတော်လေးအဆက်ပြတ်ခဲ့တယ်။ ကျနော်က ကျောင်းကိုအရင်ကတည်းကသဘောမကျဘူးဗျ။ ဒါပေမယ့်တခြားသောအရာတွေဆို ကျနော်ကြိုက်တယ်။ ဥပမာ- ပုံတွေရိုက်တာတွေ၊ သီချင်းဖန်တီးတာတွေ၊ ရုပ်ရှင်တွေ ဒီအနုပညာတွေကိုကျနော်ရူးသွပ်တယ်။ ဒီအရာတွေနဲ့တကွ ကျနော်လျှောက်လုပ်ကြည့်ဖြစ်တယ်။ အရှုံးပေါင်းများစွာနဲ့ကျနော်ခက်ခက်ခဲခဲဖြတ်ကျော်ခဲ့တယ်။
လူတချို့ကလွဲ ဘယ်သူမှလဲကျနော့်ဘက်မှာမရှိခဲ့ဘူးလေ။ ဒါပေမယ့် ကျနော့်နေ့ရက်တွေကိုကျနော်တန်ဖိုးထားတယ်။ ဒီလိုနဲ့ကျောင်းတက်ဖို့အကြောင်းဖန်လာခဲ့တယ်။ ကျနော်ကျောင်းဆိုတဲ့အရာကိုငြင်းဆန်ခဲ့တာကြာပြီလေ။ နှစ်ချီနေလျက် ကျနော်ပြန်မလှည့်ချင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် OSSDဆိုတဲ့အရာလေးကိုတက်ဖို့ ကျနော်ရွှေဂုံတိုင်အဝိုင်းနားကိုသွားခဲ့တယ်။ ကျောင်းရောက်တယ်။ ပတ်ဝန်းကျင်ကိုကြည့်ရင်း ကျနော်ကျောင်းတက်ဖို့ အိမ်နဲ့အတူမေးခဲ့တယ်။ ကျနော့်ဆုံးဖြတ်ချက်မပါပါဘူး။
ဒီလိုနဲ့ကျနော် ကျောင်းစတက်တယ်။
ကျောင်းတက်ချိန်အခက်အခဲများ
ကျနော်ကျောင်းစတက်တော့ ကျနော့်လိုမျိုးသူတွေကော တခြားသူတွေပါတွေ့ခဲ့တယ်။ ပြောရရင်ဗျာ ပိုက်ဆံတော်တော်ကုန်တဲ့ကျောင်းဆိုတော့ ချမ်းသာတဲ့မိသားစုက ဆင်းသက်လာတဲ့လူတွေများတာပေါ့။ အဲ့လိုသူမျိုးတွေများတဲ့ကျောင်းဆိုတော့လဲ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ Rich kidကျောင်းပေါ့ဗျာ။ ကျောင်းကအတန်းဖော်အတော်များများကတော့ တစ်ဦးနဲ့တစ်ဦးခင်ကြပါတယ်။ ဒါပေမယ့်ရည်ရွယ်ချက်ထွေထွေထူးထူးရယ်မရှိကြဘူး။ အိမ်ကတက်ခိုင်းလို့တက်ကြတယ်ဒါပဲ။ တစ်နှစ် ဒေါ်လာ ၁၃၀၀၀ ပေးရတဲ့ကျောင်းဆိုတော့လဲ ဒီလိုပေါ့ဗျာ။ ပျော်ကြပါးကြ ဘာညာပေါ့ဗျာ။ ခင်မင်ရတဲ့သူငယ်ချင်းတွေတချို့နဲ့လဲဆုံခဲ့ကြပါတယ်။ ဒါပေမယ့်ကျနော်က ကိုယ့်circleနဲ့ကိုယ်နေတတ်တဲ့သူဆိုတော့အပေါင်းအသင်းမများခဲ့ဘူး။ မနက်ဆို ကျနော် gymသွားတယ်။ ကျောင်းကိုနောက်ကျပြီးရောက်တယ်။ အိမ်ပြန်တယ်။ စာလုပ်တယ် နောက်တစ်နေ့စတင်တယ်။ ဒီလိုနဲ့ပဲ စက်တင်ဘာ ၂၀၂၂ ကနေ စခဲ့တယ်။ ဘာသာရွေးခိုင်းတယ်။
ဘာသာရွေးချယ်မှု
အရေးကြီးတဲ့အချက်- Subjectသေချာရွေးပါ။ ကျနော်ဒါတွေမသိခဲ့သလို subjectရွေးခဲ့တုန်းက ကျောင်းကstaffကလဲသေချာမရှင်းခဲ့ပါဘူး။ ကျနော်တို့တုန်းက OSSDမှာ Subjectအမျိုးအစားက 4U, 4C, 4M ဆိုတဲ့၃ခုရှိတယ်။ 4U ဆိုတာ “for University”, 4C ဆိုတာ “For College”, နဲ့ 4Mဆိုတာ “For both university and college”ပါ။ ကျောင်းမှာ 4Uနဲ့ 4M ဆိုတဲ့subjectတွေပဲရှိတယ်။ ကျနော်မသိဘူး။ ကျနော်မသိခဲ့ပါဘူးအရေးကြီးမှန်းလဲ။ နောက်တော့ကျနော်က Grade 12 မှစတက်တာဆိုတော့ ENG3U ဆိုတဲ့ Grade 11 English တက်ရပါတယ်first semesterပေါ့။ ဆိုတော့ ဘာသာက grade 12 အတွက် ၆ခု Grade 11အတွက်တစ်ခုယူခဲ့တယ်။
- ENG3U(Grade 11 English),
- MHF4U(Advanced Function Grade 12),
- SPH4U(Physics Grade 12),
- SCH4U(Chemistry Grade 12),
ဒါတွေက First semesterမှာယူခဲ့ရတာပါ။ သူကတော့ကျောင်းကရွေးချယ်ပေးခဲ့တာပါ။ ITနဲ့engineeringပတ်သက်တာယူမယ့်သူဆိုရင် ဒီဟာတွေယူပေါ့ဗျာ။
- MCV4U(Calculus and Vector Grade 12),
- ENG4U(Grade 12 English),
- AVI4M(Visual Arts Grade 12)။ 4U subject 5ခု 4M subject 1ခုပါ။ ဒါတွေကတော့ majorအလိုက်ကွာသွားလိမ့်မယ်။ Englishကတူနိုင်ပေမယ့် Visual artsယူတာကတော့ လူ ၆ ဦးထက်မပိုခဲ့ဘူး။ computer scienceယူမယ့်သူတွေက ICS4U ဆိုတဲ့computer science courseတက်ကြရတယ်။ သို့မဟုတ် တခြားmajorတွေဆိုရင်တော့ Data scienceပေါ့ဗျာ။
ဒါတွေက Second Semesterမှာပါ။ ကျနော်ကံကောင်းခဲ့ပါတယ်။ ကျနော်တို့ကျောင်းတွေရဲ့ requirementsအများစုက 4U subject 4 ခု အနည်းဆုံးလို့ပဲတောင်းဆိုခဲ့တယ်။ တချို့ကြတော့ သင်္ချာနှစ်ဘာသာပေါ့ဗျာ။ အဲ့တာလဲအဆင်ပြေခဲ့တယ်။ ပြောရမယ်ဆိုရင် OSSD ရဲ့ဘာသာတွေ (4U, 4M)တွေက အများကြီးပါ။ ကျနော်တို့ကျောင်းမှာ တက်လို့ရတဲ့ဟာက လက်တစ်စုပ်စာပဲရှိတာ။ ဒါပေမယ့် လူတက်အများဆုံးနဲ့ commonဖြစ်တဲ့ဘာသာတွေဆိုရင်မမှားဘူး။
ဟုတ်တယ်ကျနော်တို့ အတွက်ကလွယ်ခဲ့တယ်။
Businessနဲ့ပတ်သက်ပြီးယူမယ့်သူတွေက ကျနော်ခုနကပြောခဲ့တဲ့ ဟာတွေနဲ့ဆင်ပါတယ်။
- ENG3U(Grade 11 English)
- MHF4U(Advanced Function Grade 12),
- ENG4U(Grade 12 English)
- MCV4U(Calculus and Vector Grade 12)အပြင်ဘာပြောင်းလဲသွားလဲဆိုတော့
- CIA4U(Economics Grade 12)
- BOH4M(Leadership Grade 12)
- BBB4M(International Business Grade 12)ပေါ့ဗျာ။ သူကတော့ Businessတို့marketingတို့နဲ့ပတ်သက်တဲ့majorပေါ့။ ဒီနေရာမှာစပြီးစကားပြောပါတယ်။ ဒီBusiness လမ်းကြောင်းကို လူအများစုရွေးချယ်ကြတယ်။ သူ့အတွက်အခက်အခဲက 4U subject 4ခုပဲပါတာပါ။ တချို့ကျောင်းတွေက 4U subject 5ခုတောင်းပါတယ်။ အဲ့လိုကျောင်းမျိုးနဲ့တွေ့ရင်အဆင်မပြေပါဘူးနော်။
ဒီလိုနဲ့ကျောင်းတက်ခဲ့တယ်။
ကျောင်းရဲ့အဆင်မပြေမှုများ
- ကျောင်းကတော့အဆင်မပြေဘူးဗျ။ စာတွေကို အဆင်ပြေသလိုသင်တယ် နင်းကန်လုပ်ခိုင်းတယ် စာသင်ချိန်အရမ်းများတယ် ကျောင်းစာတွေမပြီးဘူး အပြင်activitiesတွေမရှိသလောက်ရှားတယ်။ စာလုပ်စရာနေရာမရှိဘူး libraryမရှိဘူး စသဖြင့်အကုန်လုံးပေါ့။
- ကျောင်းသားနဲ့ ကျောင်းတည်ထောင်သူကြားထဲက staffတွေနဲ့အဆင်မပြေဘူး။ ကျောင်းသားတွေနဲ့ staffတွေအဆင်မပြေဘူး။ စကားကောင်းကောင်းမွန်မွန်မပြောဘဲ ဟိုလိုလှည့်လိုက်ဒီလိုပြောလိုက်နဲ့ပြောတယ်။ ဆရာလိုလို ဆက်ဆံတယ်။ ကူညီပေးဖို့မကြိုးစားဘဲ ကျောင်းဖို့ကြိုးစားတယ်။ Professional လုံးဝမဆန်ဘူး အရည်အချင်းမပြည့်မီဘူး။
- ဆရာတွေကလဲ Collegeလို့သာဆိုတယ် နိုင်ငံခြားသင်ရိုးသင်နေတဲ့ကျောင်းလို့သာဆိုတယ် ပြောပုံဆိုပုံဆက်ဆံပုံတွေအကုန်လုံးက local ကျောင်းမှာဖြစ်နေတဲ့ပုံစံနဲ့ဘာမှမကွာဘူး။ အရင် စတိတ်ကျောင်းကပုံစံတွေဖိနှိပ်မှုတွေပေါ့ဗျာ။ ဘာမဟုတ်တဲ့စည်းမျဥ်းတွေ အရေးမပါတဲ့ စည်းကမ်းတွေနဲ့ စီမံထားတယ်။ ဒါတွေအကုန်လုံးကိုသည်းခံခဲ့ရတာပေါ့။ အချိန်လည်းတိုတဲ့ ကိုယ့်qualificationနဲ့အဆင်ပြေတဲ့ ကျောင်းမို့လို့။ ကျောင်းပြင်ထွက်ရင်တောင် ဟိုလိုစစ်လိုက်ဒီလိုမေးမြန်းလိုက်ဖုန်းတွေခေါ်လိုက်နဲ့။
- ဟော CCTVဆိုပြန်တော့လဲ ကျောင်းရဲ့လုံခြုံရေးကိုအဓိကထားပြီး CCTVအသုံးပြုနေကြလားမှတ်တယ် ဟိုနားက ကျောင်းသားတွေဘယ်လိုဆိုတာကိုလိုက်ကြည့်လိုက် ဒီကနေ လိုက်စစ်လိုက်နဲ့ပေါ့။ ဒါက CCTVကိုအသုံးပြုတဲ့ပုံမှန်ကန်နေတာမှမဟုတ်တာ။ Ethicလဲမရှိဘဲမျိုးစုံပြောဆို။ Teachers’ pets လေးတွေကတော့ ပျော်တာပေါ့။
- ကျောင်းသားနဲ့ ဆရာ/ကျောင်းသားနဲ့staffတွေကြားထဲမှာ ညီမျှမှုဆိုတာမရှိဘူး။ လေးစားမှုလဲတစိုးတစေ့မျှမရှိ။ ဒါကို လက်မခံတဲ့သူတွေကလဲအနည်းစုပဲ အများစုက သိပ်ပြီးလဲအလေးထားကြတာမှမဟုတ်တာ။
- သူတို့ကျောင်းနဲ့ချိတ်ထားတဲ့yorkville high schoolဆိုတဲ့ကနေဒါကျောင်းက ဆရာမကလဲ လုံးဝလေးစားမှုမရှိဘဲ ကျောင်းသားတွေကိုမျိုးစုံဆက်ဆံတယ်။ ကျနော်နိုင်ငံခြားရောက်ကတည်းက နိုင်ငံခြားသားဆရာဆရာမတွေ လူမျိုးပေါင်းစုံနဲ့ဆက်ဆံဖူးပါတယ်။ အရမ်းchillဖြစ်လွန်းလို့တောင်မှ ကိုယ့်ကိုယ်ကို ငါပဲမှားနေလားလို့ခံစားမိနေသလိုပါ။ Onlineကနေသင်ရင်မဖြစ်မနေvideoဖွင့်ရတယ် အသံဖွင့်ရတယ်။ မဖွင့်ရင် kickတယ်။ ကျောင်းတက်နေချိန် စစချင်းအတန်းစတာနဲ့ရောက်မလာရင် ဘယ်တော့ရောက်ရောက်attendanceမကောက်ဘူး။ ကုန်ကုန်ရေချိုးပြီးခါစမို့ အဝတ်လဲနေလို့ videoမဖွင့်ဘူးဆိုရင်တောင် မျိုးစုံပြောတဲ့သူမျိုးပါ။
- Canadaဘက်ကနေ သင်ကြားစေချင်တဲ့ပုံစံနဲ့ဒီဘက်က ကျောင်းဘက်က သင်ကြားပေးတဲ့ပုံ မတူပါဘူး။ အခေါ်အဝေါ်တွေမတူဘူး အမှတ်ပေးပုံမတူဘူး သူတို့ဆရာဆရာမ အချင်းချင်းတောင်အဆက်အသွယ်ရှိကြရဲ့လားမသိပါဘူး။ ကျောင်းက staffနဲ့သာအဆက်အသွယ်ရှိနေကြမယ့်ပုံပါ။ ပထမsemesterတုန်းကဆို သင်္ချာက onlineကနေသာသင်တယ် Unit 1မပြီးလိုက်ပါဘူး။
ဒီလိုအခြေအနေတွေကြားထဲကနေ ကျော်ဖြတ်ခဲ့တယ်။ ကျောင်းလျှောက်ဖို့စတင်လာတယ်။ Canadaကျောင်းတွေက January ဆိုတော့ ကျနော်တို့တွေmajorတွေစရွေးခဲ့ရတယ်။ majorရွေးချယ်နိုင်ဖို့အတွက် ဘယ်သူ့အကူအညီမှလဲသေသေချာချာမရခဲ့ပါဘူး။ အိမ်ကလဲ ကျနော့်ကိုအလားအလာရှိတဲ့ computer scienceရွေးစေချင်တယ်။ ကျောင်းကလဲတူတူပဲ။ မဟုတ်ရင် engineering ပေါ့ဗျာ။
ကျောင်းကိုလဲမေးတယ် ဘယ်majorကဘာဆိုတာမျိုး မရှိပါဘူး။ ပြောရရင်ကျနော်တို့မြန်မာပြည်ကသူတွေကရွေးရတာနည်းတယ်ဗျ။ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဒါမှမဟုတ် သင်္ဘောသား ဒါတွေမှမဟုတ်ရင် သာမန်တစ်လ ၅သိန်းလောက်တောင်မရကြဘူးဗျ။ ဘယ်လောက်ပဲကောင်းပါစေ။ ဒီလိုဆိုတော့ကိုယ့်နိုင်ငံမှာပါအလုပ်ဖြစ်မယ့်majorမျိုးတက်ရပြီ။ တက်ဖို့လုပ်တဲ့အချိန်အခက်အခဲဖြစ်ပြန်တယ်။
ကျောင်းက canadaနဲ့ တခြားနိုင်ငံတွေလျှောက်ပေးတဲ့ consultant
ကျနော်ကျောင်းလျှောက်ဖို့majorရွေးချိန် နောက်ကျနေပြီ။ ကနေဒါကျောင်းလျှောက််ချိန်လဲကျော်သွားတော့အဆင်ပြေတဲ့ကျောင်းလျှောက်လိုက်ရတယ်။ ကနေဒါကျောင်းလျှောက်ပေးတဲ့ကျောင်းကagentက အဆင်လုံးဝမပြေပါဘူး။ သူ့အတွက်လုပ်ရတဲ့ကျောင်းသားပေါင်းများစွာနဲ့သူ့ဟာနဲ့သူတောင်မနိုင်ပါဘူး။ စကားကိုအဆင်ပြေသလို ပြောပါတယ်။ ဒီဟာဟုတ်လားဆိုပြီး ကျောင်းလျှောက်တာနဲ့ပတ်သက်ပြီး reconfirmation မေးတဲ့အခါကျ ဟုတ်ချင်ဟုတ်ပါတယ် မဟုတ်ချင်မဟုတ်ပါဘူး ပြန်ရှာပေးတာမျိုး ရှာဖို့လမ်းပေးတာမျိုးလဲမရှိပါဘူး။
ကုန်ကုန်ကျောင်းနဲ့အဆင်မပြေလို့ ကျောင်းက educational consultancy ပါတွဲဖွင့်ထားလျက် ကိုယ့်ကျောင်းနဲ့မလျှောက်ဘဲ အပြင်က consultantနဲ့လျှောက်ကြတဲ့သူတွေရှိတဲ့အထိပါ။ Deadlineတွေကျော်ကုန်တယ်။ Documentတွေမထပ်ရသေးလို့ထပ်ဖို့ပြောရတယ်။ သူနဲ့စကားပြောတာထက် ကျောင်းတည်ထောင်သူနဲ့ပြောရတာပိုပြီးအဆင်ပြေလို့ ပြောချင်ကြတဲ့သူတွေကြီးပဲ။ တစ်ခါဆို TMuကျောင်းလျှောက်ရင်း ကျောင်းလျှောက်တဲ့အခါ passwordမေ့သွားလို့ ဆိုပြီးတော့ဖြစ်ပါတယ်။ အဲ့passwordရှာမရလို့ အဲ့ကျောင်းက offerမရလိုက်တဲ့အထိပါ။ နောက်တော့ သူနဲ့မလုပ်ဖြစ်တော့ဘဲနဲ့ UK consultantနဲ့လုပ်ဖြစ်သွားပါတယ်UKအတွက်။ သူကတော့အဆင်ပြေပါတယ်အခုတော့မရှိတော့ပါဘူး။ သူမရှိတော့တဲ့အခါ Visaလျှေက်တဲ့အခါ ကျောင်းကိစ္စတွေအကုန် canada consultantဆီရောက်သွားတဲ့အခါ အကုန်လုံးအဆင်မပြေစဖြစ်ပါတယ်။ သူ့ပါဖုန်းဆက်ပြီး မေးရတဲ့အထိပါ။
UK consultantက ဘာမေးမေးသိတယ်မသိရင်ရှာပေးပါတယ်။ ဘယ်ကျောင်းသားအတွက်ဘာလိုနေသေးလဲ ဘာတင်ရဦးမယ် ဘာပြင်ထားရမယ်ကအစ သိပါတယ်။ visa applicationကအစ အကုန်လုံးသူပဲကူညီပေးပါတယ်။ သူကအခုတော့မလုပ်တော့ပါဘူး။ အသစ်လုပ်နေတဲ့အမကတော့အဆင်ပြေမယ်ထင်ပါတယ်။
ဒီလိုနဲ့ကျနော် ကျောင်းလျှောက်ဖို့စတင်လာခဲ့တယ်။
နောက်တစ်ပိုင်းလာပါမည်။
Comments
Post a Comment