အမေရိကန်ဗီဇာ လျှောက်သင်.သလား

 အမေရိကန်ဗီဇာ လျှောက်သင်.သလား။


အမေရိကန်ဗီဇာ လျှောက်သင်.သလား ဆိုတဲ. မေးခွန်းနဲ. ပတ်သက်ပြီး အောက်ပါ အချက်အလက်များကို သေချာဖတ်ပြီး စဉ်းစား ဆုံးဖြတ်ပါ။


အမေရိကန်နိုင်ငံကိုသွားဖို. ဘယ်ဗီဇာ အမျိုးအစား လျှောက်ရမလဲ။


အခု အမေရိကန်သံရုံးမှာ လျှောက်လို.ရတဲ. ဗီဇာက အလည်အပတ်ဗီဇာ ရယ် ၊ ကျောင်းသား ဗီဇာ ရယ် ၂ မျိုးပါ။


အလည်အပတ်ဗီဇာကို Visitor Visa သို.မဟုတ် B1/B2 Visa လို. ခေါ်ပါတယ်။ B1/B2 Visa မှာ Business/ Conference/Tourism/Medical Treatment အကြောင်းပြချက်နဲ. သွားမည်.သူတွေ လျှောက်ထားလို.ရပါတယ်။ အမေရိကန်နိုင်ငံမှာ ( ၆ ) လ နေထိုင်ခွင်. ပေးပါတယ်။


ကျောင်းသားဗီဇာ ကို Student Visa သို.မဟုတ် F1 Visa လို. ခေါ်ပါတယ်။ အနည်းဆုံး ကောလိပ်တက်ရန် ၂ နှစ်သို.မဟုတ် တက္ကသိုလ်တက်ရန် ၄ နှစ် ပေးပါတယ်။ 

မိမိတက်မည်.ကျောင်းပညာ သက်တမ်းနှင်.အညီ အမေရိကန်နိုင်ငံတွင် နေထိုင်ခွင်.ရပါတယ်။


✅အမေရိကန်ဗီဇာ လျှောက်ရတာ လွယ်သလား။


၁။ အလည်ဗီဇာအကြောင်း အရင် ပြောပါမယ်။ 


အလည်ဗီဇာ လျှောက်ဖို.အလွန်လွယ်ကူပါတယ်။ မည်သူမဆို လျှောက်နိုင်ပါတယ်။  ကိုယ်.ကို ဖိတ်ခေါ်သူ ရှိရှိ/ မရှိရှိ ၊ အမေရိကန်နိုင်ငံမှာနေထိုင်တဲ.ဆွေမျိုးမိတ်ဆွေ ရှိရှိ/မရှိရှိ ၊  လျှောက်ထားနိုင်ပါတယ်။ ဉပမာ- ကိုရီးယားဗီဇာ တို. ၊ ဉရောပဗီဇာတို. လျှောက်ရင် လိုအပ်ချက်တွေ ပြည်.စုံမှ လျှောက်လို.ရပါတယ်။ အမေရိကန်ဗီဇာက တော်တော်လွတ်လပ်ပါတယ်။ သတိထားရမှာက  လျှောက်တာက လျှောက်လို. လွယ်သလောက် ဗီဇာရဖို.က မလွယ်ပါဖူး။ 


၂။ ကျောင်းသား ဗီဇာ လျှောက်ဖို.ကတော. သတ်မှတ်ထားတဲ.လိုအပ်ချက်တွေရှိရပါမယ်။ ပထမ Admission Letter လို.ခေါ်တဲ. ကျောင်း/ကောလိပ်/တက္ကသိုုလ်တွေက ကိုယ်.ကို ကျောင်းသားအဖြစ်ဝင်ခွင်.ပြုကြောင်းစာ ၊ ပြီးတော. I-20 လို.ခေါ်တဲ. Certificate of Eligibility for the Nonimmigrant student status စာရွက်ပါရမယ်။ I -20 စာရွက်မှာ မိမိအမည် ၊ ပတ်စပို.၊ နိုင်ငံ စသည် ပါမယ်။ မိမိတက်ရမည်.ကျောင်းအမည်၊ လိပ်စာ၊ ဆက်သွယ်ရမယ်.ကျောင်းတာဝန်ခံ ၊ တက်ရောက်မည်.ဘာသာရပ် ၊ တက်ရမည်.နေ, ကျောင်းပြီးမည်.နေ.တွေပါမယ်။ အမည်တွေပါမယ်။ နောက်တခါ တက်ရမည်. ကျောင်းစရိတ်တွေ ပါရမယ်။ ကျောင်းက တာဝန်ခံ လက်မှတ်ထိုးရမယ်၊ ကျောင်းသားက လက်မှတ်ထိုးရမယ်။ အရေးကြီးဆုံးအချက်က SEVIS Number ( Students and Exchange Visitor Information System ) ပါရမယ်။

တခါ အရေးကြီးတာက ကျောင်းသားဟာ I 901 လို.ခေါ်တဲ. SEVIS Fees -အမေရိကန်ဒေါ်လာ ၃၅၀ ကို အင်တာဗျူးမဝင်ခင် အနည်းဆုံး သုံးရက်အလိုမှာ သွင်းပြီး Receipt ရှိနေရပါမယ်။ အမေရိကန်နိုင်ငံကို အပြည်ပြည်ဆိုင်ရာကျောင်းသားအဖြစ် တက်မည်. ကျောင်းသာတိုင်း SEVIS Fees ပေးရပါတယ်။ တနှစ်သက်တမ်းရှိပါတယ်။ တနှစ်အတွင်းဗီဇာ မအောင်ခဲ.လို. အင်တာဗျူးထပ်ဖြေရင် ပေးစရာမလိုပါဖူး။ ဗီဇာ အောင်ရင် ကျောင်းကာလတလျှောက်လုံးအတွက် ယင်းတကြိမ်သာ ပေးသွင်းရပါတယ်။ တခါ မိမိတက်ရောက်ခဲ.တဲကျောင်းတွေ ၊ အောင်လက်မှတ်တွေ ၊ အမှတ်စာရင်းတွေ အပြင် အဂ်လိပ်စာကျွမ်းကျင်မှု IELTS/ Dualingo / TOEFL / PTE တို.လိုမျိုး တခုခု ပါသင်.ပါတယ်။ အများဆုံး ပြကြတာက IELTS နဲ. Dualingo ပါ။ IELTS ဆိုရင် အနိမ်.ဆု့း 6.0 to 6,5 ရသင်.ပါတယ်။ Dualingo ဆိုရင် အမှတ် ၁၂၀ နဲ. ၁၅၀ အကြား ရသင်.ပါတယ်။  ဆိုလိုတာက ကိုယ်တက်ခဲ.တဲ.ကျောင်းက စာရွက်စာတမ်းတွေအပြင် အဂ်လိပ်စာကျွမ်းကျင်မှုအဆင်.တခုခု လိုပါတယ်။ နောက်အရေးကြီးတာက ကျောင်းတက်မယ်.ကလေးကို ကျောင်းတက်စဉ်ကာလတလျှောက်လုံး ထောက်ပံ.မယ်. မိဘ သို.မဟုတ် အုပ်ထိန်းသူ ၊ အမည်၊ အလုပ်အကိုင် ၊ ဝင်ငွေ Bank Statement ပြရပါမယ်။ ဆိုတော. Student visa က လိုအပ်ချက်တွေ ရှိပါတယ်။


✅အလည်ဗီဇာ လျှောက်ရင် ရနိုင် / မရနိုင် ဘယ်အချက်အလက်တွေနဲ. ဆုံးဖြတ်မလဲ။


✅အောက်ပါ ( ၅ ) ချက်နဲ. ဆုံးဖြတ်ချင်ပါတယ်။


•( ၁ ) ဖိတ်ခေါ်သူ ရှိခြင်း သို.မဟုတ် သွားရမည်. အကြောင်းအရာ ခိုင်လုံခြင်း


•( ၂ ) လျှောက်ထားသူ၏ အခြေအနေ -လုပ်ငန်. / ပိုင်ဆိုင်မှု / မြန်မာပြည်မှာ ကျန်မယ်.မိသားစုဝင်     ( Tie )


•( ၃ ) လျှောက်ထားသူ၏ ခရီးသွားရာဇဝင်ကောင်းခြင်း ၊ ဉပမာ အမေရိကန်နိုင်ငံသို. ရောက်ဖူးခြင်း သို.မဟုတ် အကြိမ်ကြိမ်သွားရောက်ဖူးခြင်း ၊ ဉရောပ / ဂျပန် / ဩစတြေးလျ စသည်.နိုင်ငံကြီးများသို. လည်ပတ်/နေထိုင်ဖူးခြင်း


•( ၄ ) လျှောက်ထားသူ၏ အင်တာဗျူးဖြေရာတွင် ပါးနပ်လိမ်မာသည်. ဉာဏ်ရည် 


•( ၅ ) လျှောက်ထားသူ၏ ကုသိုလ်ကံ ( အထက်ပါအချက်အလက်များမပြည်.စုံဘဲ ဗီဇာအောင်သွားသူများလည်း အကြိမ်ကြိမ်တွေ.ဖူးပါပြီ ။ အချက်အလက်များ ပြည်.စုံသော်လည်း ဗီဇာမရရှိသူများလည်း တွေ.ဖူးပါပြီ။ )


ဒါကြောင်. အမေရိကန်ဗီဇာ လျှောက်သင်.သလား ဆိုတဲ. အဖြေကို မိမိဖာသာ အထက်ပါအချက် ၅ ချက်နဲ. ချိန်ထိုးပြီး ဆုံးဖြတ်ပါ၊ ကျောင်းသားဆိုလျှင်လည်း လိုအပ်ချက်များ ပြည်.စုံအောင် ပြင်ဆင်ပါ။


✅အမေရိကန်ဗီဇာလျှောက်ဖို.ဆုံးဖြတ်ပြီးပြီဆိုရင် -


Mandalar Charm က တဉီးချင်းအတွက် အကောင်းဆုံး ပြင်ဆင်ပေးပါမယ်။ အကြံဉာဏ်ပေးပါမယ်။ သင်.တင်.တဲ. ဈေးနှုန်းယူပါမယ်။ ပထမဆုံး လုပ်ရမယ်. ၊ အရေးကြီးဆုံးဖြစ်တဲ. DS 160 ဆိုတဲ. အွန်လိုင်းဖောင်ဖြည်.ခြင်းကို စေ.စေ.စပ်စပ်ဖြည်.ပေးပါမယ်။ ပြည်ပနိုင်ငံတွေမှာ အင်တာဗျူးဖြေမယ်ဆိုရင် အင်တာဗျူးကြေးကျသင်.ငွေ အမေရိကန်ဒေါ်လာ ၁၈၅ ဒေါ်လာ ပေးသွင်းပေးပါမယ်။ အပွိုင်.မန်.ယူပေးပါမယ်။ ယေဘူယျ မေးခွန်း အဖြေတွေ ပေးပါမယ်။ လေယာဉ်လက်မှတ် ၊ ဟိုတယ် အစရှိသည်တို. ဆောင်ရွက်ပေးပါမယ်။ စိတ်ချလက်ချ လုပ်ငန်းအပ်နှံနိုင်ပါတယ်။


✅ဝန်ဆောင်ခငွေ ပြောပြပါ။


မြန်မာပြည်မှာဖြေရင် အမေရိကန်ဒေါ်လာ ၆၀ နဲ.ညီမျှတဲ. မြန်မာကျပ်ငွေ ၊ ပြည်ပနိုင်ငံတွေမှာ ဖြေရင် အမေရိကန်ဒေါ်လာ ၁၀၀ နဲ. ညီမျှတဲ. မြန်မာကျပ်ငွေပါ။


✅ဆက်သွယ်ရန်လိပ်စာ ပြောပါ။


 ✅Mandalar Charm Travels & Tours Co.,Ltd. 

 ကုမ္ပဏီမှတ်ပုံတင်အမှတ် - 114420441

 ဗုဒ္ဓဂယာဘုရားလုပ်ငန်းကော်မတီဝင်အမှတ် - BPWC-183

အင်းစိန် မြို.နယ် ၊ မင်းကြီးလမ်း ၊ 

 အင်းစိန်ဆေးရုံ နှင်. ကွယ်ကဘောဆေးရုံအကျော် ၊ 

 မညကမှတ်တိုင်နှင်. ဟိုက်ပတ်မှတ်တိုင်ကြား၊ 

 စံပယ်ရုံလမ်း တံတားထိပ် ၊ရန်ကုန်မြို. ။

 Viber Phone : 09 504 5819

 Tel : 01 3642334 / 01 3644271 / 09 504 5819

Source

Comments

Popular posts from this blog

Grade 10 Chemistry Lessons

Grade 10 physics

Grade 10 Math Chapter 5 to 9