Grade 12 မြန်မာ နမူနာမေးခွန်းများ
Grade 12
Myanmar
နမူနာမေးခွန်းများ
၁။(က) အောက်ပါတို့ကို မှားလျှင် (မှား)၊ မှန်လျှင် (မှန်)ဟု ဖြေဆိုပါ။ (၁၀
မှတ်)
(၁)
အသိအမှတ်ပြုမှုလမ်းညွှန်သည် ရက်ရောမှုလမ်းညွှန်နှင့် အပြန်အလှန်သဘော ဖြစ်သည်။
(၂)
စကားပြောခြင်းဆိုင်ရာ ပေါင်းဖွဲ့စည်းလုံးမှုနည်းပရိယာယ်တွင် ငယ်နာမည်ပြောင်များကို
ခေါ်ဝေါ်ပြောဆိုသည်။
(၃)
လူကြိုက်များစေလိုလျှင် တစ်ဘက်သား စကားပြောနေစဉ် ဂရုစိုက်၍ နားထောင်ပါ။
(၄)
မေးရိုးများသည် စကားသံထုတ်လုပ်ရန်နှင့် အသံကျယ်စေရန် အထောက်အကူ ပြုပါသည်။
(၅)
ညောင်ရမ်းကြီးသမီးသည် နရသီဟပတေ့မင်း၏ ချွေးမတော် ဖြစ်သည်။
(၆)
"ပေါ်နွေလလျှင်"ကဗျာကို အင်းဝခေတ်တွင် နတ်ရှင်နောင် ရေးခဲ့သည်။
(၇) ဦးပုညသည် ၆
နှစ်သားအရွယ်၌ တူမောင်းဆရာတော်ဦးဒီပထံတွင် စာပေသင်ကြားခဲ့သည်။
(၈) စာတစ်ပုဒ်
ပေါ်မလာမီ ဖြစ်စဉ်အဆင့်ဆင့်ကို ဖြတ်သန်းရမြဲ ဖြစ်သည်။
(၉)
သမိုင်းဖြစ်ရပ်များကို စိတ်ဝင်စားမှုအစဉ်အရ စီစဉ်ရေးသားတတ်ကြသည်။
(၁၀) စာရေးရာတွင်
အချက်အလက်အားလုံး ပေါင်းစည်းဆက်စပ်နေခြင်းသည် အဆက်အစပ်ပြေပြစ်မှုသဘောဖြစ်သည်။
၁။(ခ) အောက်ပါတို့ကို ကွက်လပ်ဖြည့်ပါ။ (၁၀ မှတ်)
(၁)
အသံအနိမ့်အမြင့်နှင့် .................များ သည် ထိထိရောက်ရောက် စကားပြောဆိုရာတွင်
အရေးပါသည်။
(၂) အသံတစ်သံ
ထုတ်လုပ်ရာတွင် အသုံးပြုသော အားထုတ်မှုပမာဏကို ................... ဟု ခေါ်သည်။
(၃)
စကားပြောနှုန်းကို .................. အတွင်း ပြောသော စကားလုံးအရေအတွက်ဖြင့်
တိုင်းတာသည်။
(၄)
စကားပြောဆိုခြင်းဆိုင်ရာ လိမ္မာပါးနပ်မှုလမ်းညွှန်က ................... ကို
အခြေပြုသည်။
(၅)
ရှင်မဟာသီလဝံသ ငယ်စဉ်က တောင်တွင်းကြီးမြို့ ................... ထံတွင်
ပညာဆည်းပူးခဲ့သည်။
(၆)
"မောင်လူအေး" ဟူသော အမည်သည် ................... ၏ ကလောင်အမည်ခွဲ
ဖြစ်သည်။
(၇)
"အိုင်ချင်း"ကဗျာအမျိုးအစားသည် .................
ခေတ်က စတင်ပေါ်ပေါက်ခဲ့သည်။
(၈) ရေးဟန်၏
သွင်ပြင် ၃ ရပ်တွင် ..................... သည် အရေးပါဆုံး ဖြစ်သည်။
(၉)
စကားပြေအဖွဲ့မှန်သမျှတွင် .................. သည် မရှိမဖြစ် လိုအပ်သော
လက္ခဏာတစ်ရပ် ဖြစ်သည်။
(၁၀)
မထင်ရှားဆုံအချက်မှ အထင်ရှားဆုံးအချက်သို့ ရောက်အောင် တစ်ဆင့်ပြီး တစ်ဆင့် စီစဉ်ရေးသားပုံကို
.............. ဟု ခေါ်နိုင်သည်။
၁။(ဂ) အောက်ပါတို့မှ အဖြေမှန်ကို ရွေးပါ။ (၁၀ မှတ်)
(၁)
အမျိုးသားများမှာ အမျိုးသမီးများထက် ပို၍ ရှည်လျားသော .................. ရှိသည်။
(က)အသံကြိုး (ခ)အသံအိုး (ဂ)ရင်ဝမ်းခြားကြွက်သား
(၂) ပြောစကားကို
နားထောင်သူ နားမလည်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ................. ကြောင့်
ဖြစ်သည်။
(က)အသံအနိမ့်အမြင့်
(ခ)အသံအလေးအပေါ့
(ဂ)စကားပြောနှုန်း
(၃)
ထိထိရောက်ရောက် စကားပြောဆိုနိုင်ရန် .................. သည် အလွန် အရေးပါသည်။
(က)အသံအနိမ့်အမြင့် (ခ)ကိုယ်ဟန်အမူအရာ (ဂ)စကားအသုံးအနှုန်းများ
(၄)
စကားပြောဆိုဆက်ဆံရာတွင် မိမိကြောင့် တစ်ဖက်လူ ဝန်ပို မသွားစေရန် .................
ဖြင့် အစပျိုးလေ့ရှိသည်။
(က)
တောင်းပန်စကား
(ခ)
အကြိုလမ်းခင်းစကား
(ဂ) မိတ်ဆက်စကား
(၅)
မောင်ခင်မင်(ဓနုဖြူ) ပထမဆုံး ရေးသားခဲ့သော စာအုပ်မှာ ................... ဖြစ်သည်။
(က) မြန်မာစကား
မြန်မာစာရုပ်ပုံလွှာ
(ခ)စကားပြေသဘောတရား
စကားပြေအတတ်ပညာ
(ဂ)ဘာသာအမြင်
စာပေအမြင်
(၆)
"မလုပ်မစား" ဝတ္ထုတိုကို ပီမိုးနင်းက ............... ခေတ်တွင်
ရေးခဲ့သည်။
(က)လွတ်လပ်ရေးခေတ် (ခ) ကိုလိုနီခေတ် (ဂ)မျက်မှောက်ခေတ်
(၇)
ဗန်းမော်ညိုနွဲ့၏ အမည်ရင်းမှာ ................. ဖြစ်သည်။
(က) ဦးပုထွေး
(ခ)ဦးအောင်သောင်း (ဂ)ဦးဝင်းမောင်
(၈)
အကြောင်းအကျိုးဆက်စပ်တင်ပြရသည့် အကြောင်းအရာမျိုးကို ................ အရ
စီစဉ်ရေးသားလေ့ရှိသည်။
(က)
အစိတ်အပိုင်းစဉ်
(ခ)အရေးပါမှုအစဉ် (ဂ)ယုတ္တိစဉ်
(၉) စာရေးရာတွင်
စည်းလုံးညီညွတ်မှုသဘောသည် .................. ၏ သဘောလက္ခဏာတစ်ရပ် ဖြစ်သည်။
(က)အစီအစဉ်ကောင်း (ခ)စကားအသုံးအနှုန်းကောင်း (ဂ)အကြောင်းအရာကောင်း
(၁၀)စာရေးသူတို့၏
ပင်ကိုစရိုက်သွင်ပြင်အရ ................ အမျိုးမျိုး ကွဲပြားနိုင်ပါသည်။
(က)အကြောင်းအရာ
(ခ)ရေးဟန် (ဂ)စကားပြေအမျိုးအစား
၂။ အောက်ပါတို့ကို ဖြေဆိုပါ။ (၂၀ မှတ်)
(က)
အောက်ပါဝေါဟာရတို့အနက် ငါးခု၏ အဓိပ္ပာယ်ကို တိကျစွာ ဖြေဆိုပါ။
ကျိန်းသေ၊ ဥပစာတန်း၊ သုခုမ၊ ပဝရံ၊ ကရောကပါး၊ ဒလဟော၊ အလျှင်း။
(ခ)
အောက်ပါတို့အနက် ငါးခုကို ရွေးချယ်ပြီး မည်သည့်အလင်္ကာမြောက်ကြောင်း ရှင်းပြပါ။
ဝက်စားကျင်းကော်၊ မြူဆံလောက်သေး၊ ချစ်ဝန်၊ ဂလုံဆန်၊ ရက်ကန်းရက်သလို၊
မိုးခါးရေကို သောက်၊ တဏှာခြုံ
(ဂ)စကားစပ်နှင့်တကွ
ရှင်းပြပါ။
လူတစ်ယောက်ဟာ၊ အပူမစဲ၊ မီးလောက်ရဲတဲ့၊ သဲပြင်သာမှာ၊ နေဝါညီးညီး၊
မွန်းတည့်တုန်းနေ၊ အခိုးဝေတဲ့၊ နေပူကြီးမှာ၊ လက်သီးချီမြှောက်၊ လက်ပမ်းပေါက်နှင့်၊
ဝမ်းမြောက်အူရွှင်၊ က ကာပြေးလို့၊ ဟန်ရေးဆင်၊ ဖြစ်အင်ထူးလှပါတကား။
(ဃ)
ယဉ်ကျေးချေငံမှုဆိုင်ရာ လမ်းညွှန် ၆ ရပ်ထဲမှ စာနာမှုလမ်းညွှန်အကြောင်းကို
ရှင်းလင်းဖြေဆိုပါ။
၃။ "လက်ဖက်ရည်ကြမ်းဝိုင်း"ကဗျာကို စာဆိုက သရုပ်ဖော်အဖွဲ့များဖြင့်
မည်သို့ ဖွဲ့ဆိုထားသနည်း။
(၁၀ မှတ်)
၄။ "မလုပ်မစား"ဝတ္ထုတိုတွင် အဓိကဇာတ်ဆောင်ဖြစ်သော မောင်ရင်၏
စရိုက်ကို စာရေးသူက မည်သို့ တင်ပြရေးဖွဲ့ထားသနည်း။ (၁၀ မှတ်)
၅။ ရေသည်ပြဇာတ်မှ ရေသည်မိန်းမ၏ အိမ်ရှေ့မိဖုရား မဖြစ်မီ စိတ်ထားကို ဖော်ပြပါ။
(၁၀ မှတ်)
၆။ နှစ်သက်ရာ တစ်ခုကို စာစီကုံးပါ။
(၁)
ကျောင်းသွားကျောင်းပြန် မြင်ကွင်းများ
ကျောင်းသွားကျောင်းပြန် မြင်ကွင်းများသည် စိတ်ဝင်စားဖွယ် ကောင်းပုံ၊
ကျောင်းအသွား မြင်ကွင်းများ၊ ကျောင်းအပြန် မြင်ကွင်းများ၊ ဘဝသင်ခန်းစာ သို့မဟုတ်၊
ဗဟုသုတ ရရှိပုံ၊ မိမိ၏ ခံစားချက်နှင့် အတွေးအမြင်
(၂) မိမိကိုယ်သာ
အားကိုးရာ
မိမိကိုယ်သာ အားကိုးသင့်ပုံ၊ ကိုယ့်အားကိုယ်ကိုးသူများ၏ အောင်မြင်မှု၊
သူတစ်ပါးကို အားကိုးသူတို့၏ ကျရှုံးမှု၊ စာတွေ့ကိုယ်တွေ့ သာဓကများ၊ မိမိ၏
အတွေးအမြင်
၇။ အောက်ပါတို့အနက် တစ်ခုကို ထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ဖြစ်စေ ဆွေးနွေးပါ။
(၁)
ဆောင်းရာသီသည် မိုးရာသီထက် ပို၍ သာယာသည်။
(၂) ကျေးလက်တွင်
နေထိုင်ရခြင်းသည် ကောင်းသည်။
၁ (က) နှင့် (ခ)
၁(ဂ)
၂,၃,၄,၅,၆,၇
2026 ခုနှစ်
တက္ကသိုလ်ဝင်စာမေးပွဲ
မြန်မာစာ
Translation in English
Grade 12
Myanmar
Sample Questions
1.
(a) Answer the following questions by marking
them as false (false) and true (true). (10 points)
(1) The recognition guideline is the reciprocal of the
generosity guideline.
(2) In the speech synthesis strategy, nicknames are used.
(3) If you want to be popular, listen carefully while the
other person is talking.
(4) The jaws help to produce and amplify speech
sounds.
(5) Nyaung Rang Gyi Nthi was the daughter-in-law of
King Narathihapatay.
(6) The poem "Paw Nwe La Tsin" was written
by Nat Shin Naung during the Inwa period.
(7) U Punya studied literature with his brother
Sayadaw U Deepa at the age of 6.
(8) A piece of writing must go through a series of
stages before it appears.
(9) Historical events are often written in
chronological order of interest.
(10) In writing, all the information is connected and
coherent.
1.(b) Fill in the blanks below. (10 marks)
(1) The pitch and .................. of the voice are
important in effective speech.
(2) The amount of effort used to produce a sound is
called ....................
(3) The rate of speech is measured by the number of
words spoken in ...................
(4) The guide to speech eloquence is based on
....................
(5) As a child, Maha Thila Wunsa studied under
................... in Taungdwingyi.
(6) The name "Maung Lu Aye" is a pseudonym
of ....................
(7) The "Ai Chin" genre of poetry began to
appear in the ................ era.
(8) Of the three aspects of writing style,
.................... is the most important.
(9) In any prose composition, ................. is an
essential characteristic.
(10) The way of writing a poem step by step from the
most obvious point to the most obvious point can be called ...............
1.(c) Choose the correct answer from the following. (10 points)
(1) Men have longer .................. than women.
(a) Vocal cords (b) Larynx (c) Thoracic muscles
(2) The main reason why the listener does not
understand what is being said is because of ..................
(a) Pitch (b) Intensity (c) Rate of speech
(3)
.................. is very important
for effective speaking.
(a) Tone of voice (b) Gestures (c) Expressions
(4) In order not to burden the other person with your
own words, we usually start with .................
(a) Apology (b) Preface (c) Introduction
(5) The first book written by Maung Khin Min
(Dhanuphu) was ....................
(a)
Burmese
language, Burmese language pictures (b) Prose theory, Prose skills (c) Language
perspective, Literary perspective
(6) The short story "Do Not Eat" was written
by Pi Moe Ning in the ............... era.
(a) Independence era (b) Colonial era (c) Modern
era
(7) The real name of Bhamon Nyo Nwe is
.................
(a) U Pa Htwe (b) U Aung Thaung (c) U Win Maung
(8) The content that presents the cause and effect is
usually arranged according to .................
(a) Sequence of parts (b) Sequence of importance
(c) Sequence of logic
(9) Unity in writing is a characteristic of
..................
(a) Good organization (b) Good use of language (c)
Good content
(10) The ................ can vary greatly depending on
the personality of the writer.
(a)
Content (b)
Style (c) Type of prose
2. Answer the following. (20
marks)
(a) Give the exact meaning of five of the following
words.
Definitely, Upasatha,
Sukhum, Pavaram, Karokapa, Dalahoa, Ashe.
(b) Choose five of the following and explain which
metaphor they are.
Pig-eating kyingkaw, Mu
San Lak Thay, Chitwan, Galon San, Rekkan Rathora, Moekar Jee Ko Tu, Tanhaa
Choon
(b)
Explain with
context.
A person, who is as brave
as fire, in the desert, in the blazing sun, in the middle of the day, in the
scorching heat, with his fists raised, his hands outstretched, with joy and
happiness, dancing and running, is a very beautiful thing.
(c)
Explain the
six guidelines for politeness, including the guideline for empathy.
3. How does the poet structure the poem "The
Circle of Tea" with figurative elements? (10
points)
4. How does the author present the character of Maung
Yin, the main character in the short story "Not Eating"? (10 points)
5. Describe the attitude of the woman named Re-He in
the play Re-He before she became the queen. (10 points)
6. Write about something you like.
(1) School Scenes
School scenes are
interesting, such as going to school, going back to school, life lessons or
knowledge gained, and your feelings and thoughts.
(2) Self-reliance
How to rely on yourself,
the success of those who rely on themselves, the failure of those who rely on
others, examples from personal experience, your own thoughts
7. Discuss one of the following, either in favor or
against it.
(1) Winter is more pleasant than the rainy season.
(2) Living in the countryside is good.






Comments
Post a Comment